A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Masters of the Air Trailer
Watch
Movie plot

Masters of the Air: ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။

Show more...