A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Lampan Trailer
Watch

Lampan

30 min

Now showing: Full 7/7

Latest episode: 765

Country: India

Actors: Avani BhaveChandrakant KulkarniGeetanjali KulkarniKadambari KadamMihir GodbolePushkaraj Chirputkar

Genres: Drama, Family

5/ 5 1 votes
Movie plot

Lampan (2024) ဖြူစင်သော ငယ်ဘဝ
Genre – Family, Drama
အားလုံးပဲ ကျွန်တော့်နာမည်က လမ်ပန်ပါဗျ၊
တစ်ခါတလေ ချစ်စနိုးနဲ့ လမ်ပူ လမ်ပယာ ဆိုပြီးလည်း ခေါ်ကြပါတယ်။
ကျွန်တော်တို့ မိသားစုလေးမှာ ဖေဖေရယ် မေမေရယ် ညီမလေး ၂ ယောက်ရယ် ရှိကြတယ်။
ဒါပေမဲ့ ဘာလို့မှန်းမသိပါဘူး မေမေက သူ့ ဖေဖေ မေမေရှိတဲ့ ရွာလေးကိုဘိုးဘိုးဘွားဘွားက
၂ ယောက်တည်း နေတာမို့လို့ အဖော်ရအောင် သွားနေလိုက်ပါတဲ့၊ သူကတော့ ညီမလေး ၂ ယောက်က
အဖော်ရှိလို့ အဆင်ပြေတယ်ဆိုပြီး ပြောပါတယ်။ ဘိုးဘိုးကတော့ အိမ်မှာ သူ့ဘာသာ အေးဆေးနေတတ်ပြီး
ဘွားဘွားကတော့ အမြဲတမ်း ပွစိပွစိနဲ့ ကျွန်တော် ဘာပဲလုပ်လုပ် ဆူပူကြိမ်းမောင်းနေပေမဲ့ နှစ်ယောက်လုံးက ချစ်ကြပါတယ်
ဒါပေမဲ့လည်း အထီးကျန်သလိုပဲ အဲဒါကြောင့် မကြာခဏ မေမေ့ကို လွမ်းမိပါသေးတယ်။

ကျောင်းမှာကျတော့လည်း သူငယ်ချင်းတွေ ရှိပေမဲ့ အထီးကျန်သင်းကွဲတစ်ယောက်လိုပဲ ခံစားရပါတယ်။
ဒီလိုနဲ့ ချောင်ကျကျ ရွာလေးက အဖော်မဲ့ဖြစ်နေတဲ့ ကျွန်တော့်ကို အဖော်လုပ်ပေးရင်း ကြည့်ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေနော်…။

ပထမဆုံး ပြောပြချင်တာတော့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပင်ပန်းနွမ်းနယ်မှုတွေကနေ ချစ်ခြင်းမေတ္တာတရားနဲ့ နွေးထွေးအောင် လုပ်ပေးမယ့်
ဇာတ်လမ်းတွဲလေးပါလို့။ တခြားအိန္ဒိယရုပ်ရှင်တွေလို အိုဗာတွေမပါ၊ အက်ရှင်တွေမပါ၊ တရားစွဲ အကျင့်ပျက် ခြစားတာတွေမပါပဲ
အရောင်တွေ မစုံသေး မခြယ်သရသေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ ခံစားချက်တွေ သိလိုစိတ်တွေ ဖြစ်တည်မှု အမြင်လေးတွေကို
သဘာဝအတိုင်း ရိုးရိုးလေး ပုံဖော်ထားတာကို မြင်ရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် ရွာကို အလည်သွားကြတဲ့
နွေးထွေးတဲ့ ကျေးလက်ဒေသ မြင်ကွင်းလေးတွေကိုလည်း ပြန်အောက်မေ့အမှတ်ရစေတယ်။

နောက်ခံသံစဉ်တွေလည်း ဇာတ်သဘောအလိုက် အလွန်အကျွံ မရှိပဲ မျှမျှတတလေး ကြည့်ရှုသူ ရင်ထဲထိအောင် ထည့်ပေးထားတယ်။
”အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ်” ဆိုပြီး ခုလက်ရှိ အပူမီးလေးတွေ တစ်ခဏတာ
ငြိမ်းအေးသွားအောင် ဖြူစင်လွန်းလှတဲ့ ငယ်ဘဝလေးကို တစ်ခေါက်တစ်ခါ အလည်သွားလိုက်ရအောင်လားဗျာ….။

(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

A young boy navigating the complexities of childhood in a simpler time, as he embarks on a quest for identity and belonging.

Show more...