A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

La chimera: 1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။
သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း စုံ နေတာပါပဲ။ သင်္ချိုင်းပစ္စည်းတူးတဲ့သူတွေအတွက် Chimera က အလုပ်မကြိုးစားဘဲ လွယ်လွယ်နဲ့ချမ်းသာဖို့အိပ်မက်ဆိုရင် အာသာအတွက်ကတော့ သူ့ချစ်သူဖြစ်ပါတယ်။ သူတို့ကိုယ်စီရဲ့ Chimera ကို ရှာတွေ့သွားလားဆိုတာ ဆက်လက်ရှုစားလိုက်ပါနော်။

Show more...