A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Celeste & Jesse Forever: ဒရာမာကားတွေကိုပီပီပြင်ပြင် ရင်ထဲထိအောင်သရုပ်ဆောင်နိုင်တဲ့
Rashida Jones ဆိုတဲ့မင်းသမီးသရုပ်ဆောင်ထားတဲ့ ၂၀၁၂ တုန်းကထွက်ရှိထားတဲ့ Celeste & Jesse Forever ဆိုတဲ့အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 6.6 ရရှိထားပြီးကြေကွဲစရာ အချစ်ကားလေးတွေကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဒီကားလေးကကြည့်လို့ကောင်းမှာပါ။ကွာရှင်းတယ်ဆိုတာနဲ့လူတွေကအပူမီးတွေ အမုန်းတရားတွေကိုပဲပြေးမြင်ကြမှာပါ။ဒါပေမယ့်ဒီကားထဲမှာ တွေ့ရတဲ့ဆလက်စ်နဲ့ဂျက်ဆီဆိုတဲ့ လင်မယားကတော့ကွာရှင်းတယ်ဆိုတာကို ပျော်စရာတစ်ခုအနေနဲ့ မြင်အောင်ဖန်တီးပြသထားပါတယ်။ကွာရှင်းတော့မယ်ဆိုပေမဲ့ သူတို့နှစ်ယောက်အတူသွား အတူလာအတူစားနေကြတာတွေကိုမြင်ရတာက ချစ်လှပါချည်ရဲ့ဆိုတဲ့ အတွဲတွေတောင် အားကျရလောက်ပါတယ်။သူတို့က အိမ်ခွဲနေကြပြီး ကွာရှင်းတော့မယ်ဆိုပေမဲ့တစ်ယောက်ဆီမှာ နောက်တစ်ယောက်ရဲ့ စိတ်ကတော့ အမြဲတမ်းရောက်နေတုန်းပါ။ဒါပေမယ့် ဒီလိုပျော်ရွှင်ပြီးမခွဲနိုင် မခွာရက်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ကံကြမ္မာရဲ့အလှည့်အပြောင်းက သင်ခန်းစာပေးလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ…ဆလက်စ်နဲ့ ဂျက်ဆီတို့ကြားက သံယောဇဉ်ကြိုးလေးကရောပြတ်တောက်သွားမလား အမုန်းနဲ့နှုတ်ဆက်ရမလား အချစ်နဲ့နှုတ်ဆက်ကြရမလားဆိုတာတွေကို စိတ်ခံစားချက်အပြည့်အ၀နဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

Show more...