A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Inside (2007) ကားလေးကိုတော့ ဝေဖန်ရေးသမားတော်တော်များများကHorror ကားအစစ်လို့ မှတ်ချက်ပြုထားကြတဲ့အတွက်အကြိုက်တူမတူ ပြောပေးကြဦးနော်….
ဇာတ်လမ်းအစမှာ ဆာရာ နဲ့ သူ့အမျိုးသားတို့စီးလာတဲ့ကားကမတော်တဆမှုဖြစ်ပြီး အမျိုးသားက ပွဲချင်းပြီးဆုံးသွားပါတယ်။ဆာရာကတော့ ကိုယ်ဝန်နဲ့အတူအသက်ဆက်ရှင်ခဲ့ပါတယ်။မီးဖွားဖို့ရက်နီးလာပေမယ့် ဆာရာကတော့ ခင်ပွန်းစိတ်နဲ့ ဝမ်းနည်းနေတုန်းပါ။ ကလေးမွေးဖွားခါနီးတစ်ရက်အလိုမှာတော့ ဆာရာရဲ့အိမ်ကိုအမည်မသိအမျိုးသမီးတစ်ယောက် တံခါးခေါက်ပြီး လာနှောင့်ယှက်ခဲ့ပါတယ်။ဘယ်လိုပဲမောင်းထုတ်ပါစေ ထွက်မသွားတဲ့နောက်ရဲကိုဖုန်းဆက်တိုင်လိုက်ရပါတယ်။ရဲတွေလည်း လာစစ်ဆေးပေမယ့် လာနှောင့်ယှက်တဲ့အမျိုးသမီးကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့…. ဆာရာနေထိုင်တဲ့ သာမာန်အိမ်လေးတစ်လုံးထဲမှာစစ်မြေပြင်အလားထင်မှတ်ရလောက်အောင် သွေးသံတရဲရဲနဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ အမည်မသိအမျိုးသမီးကရော ဘယ်သူလဲ ?ဘာလို့ဒီလောက်အထိ ရက်စက်ရတာလဲ ?ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ?Horror Fan တွေဆက်ကြည့်လိုက်ပါတော့နော်… R rated ဖြစ်ပြီး သွေးသံတရဲရဲနဲ့မို့ နှလုံးကောင်းသူတွေသာကြည့်ဖို့တော့ အကြံပြုချင်ပါတယ်ဗျာ ။ ။

Show more...