A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Butchers Book Two: Raghorn – ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့
နောက်ဆက်တွဲ Butchers Book : Raghorn ကိုကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃
Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း****************ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကိုကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီးနယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှုဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစားစိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ်ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့လူသားစားတွေပါ။ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ်ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေမကြည့်သင့်ပါဘူးနော်။

Show more...