Happy Ghost IV 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့်ဇာတ်လမ်းဇာတ်ကွက်တွေ
ဘာမှဆက်စပ်မှုမရှိပါဘူး.အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်…အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီးဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးအရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်ကပညာရှိစာမေးပွဲကိုအကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့်အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာသူ့မိန်းမကိုယ်တိုင်ကထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ
သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲတွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့ကကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့
သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကိုသေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်ဒါက အပိုင်း ၁ ပါ..အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ……..
ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့်လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကိုအမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေအရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှမကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီးအားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ပြန်လာပြီး ကယ်ရပါပြန်ပါတော့တယ်။အဲဒါအပြင် ရည်းစားလုဘက်ရဲ့တပည့်ကလဲ အားကွေ့ကိုသတ်ဖို့ကြိုးစားနေတော့အလွဲလွဲအချော်ချော်နဲ့ အန္တရာယ်တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာအားလုံးပဲဆက်ကြည့်လိုက်ပါဦးနော်။Happy Ghostဆိုတဲ့အတိုင်း အားလုံးကိုပျော်ရွှင်စေနိုင်မှာသေချာပါတယ်။
Happy Ghost IV
Hoi sum gwai gau hoi sum gwai
1990 88 min
Country: Hong Kong
Director: Clifton Ko
Actors: Charlie ChoFung Woo…Goon Chung WongKa-Kui WongKar-Keung WongKwong-Leung WongPauline YeungRaymond Pak-Ming WongSai-Wing YipShun Lau
Movie plot
Show more...