A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Go East
Watch

Go East

Si fang guan

25 min

Now showing: Full 37/37

Latest episode: 373635

Country: China

Actors: Chun DuFengyan ZongHaiqiao Xu…Jianci TanKe ZhaoMengjia TangQingzi KanXiaoyun ChenYiran ZhouZhiling Zhu…

Genres: Drama

0/ 5 0 votes
Movie plot

Lost You Forever(2023) မှာ ရှန့်လျိုအတွက် ကျခဲ့တဲ့

မျက်ရည်တွေအတွက် ယွမ်မော့က ဟာသတွေ ပြန်ချော့ပေးဖို့
Go East (2024) လာပါပြီ… ချန်ကျန်းလောင်ရှီရဲ့

အနောက်အရပ်မှတ်တမ်းဝင်ဘုရင်များ ဝတ္ထုကို Moonlight (2021)ကို

ဇာတ်ညွှန်းပုံဖော် ပံ့ပိုးရေးသားခဲ့တဲ့ ချိုထင်းလောင်ရှီက

ဇာတ်ညွှန်း ပြန်လည်ရေးသားထားပြီး New Life Begins(2022) ကို

ရိုက်ကူးပုံဖော်ခဲ့တဲ့ ကျောက်ချီချန် ဒါရိုက်တာက သရုပ်ဖော် ရိုက်ကူးထားတဲ့

ဇာတ်ကားလေးမို့ မျှော်တလင့်လင့် ဖြစ်ခဲ့ရတဲ့ ကားလေးပါ…

ဇာတ်လမ်းအကျဉ်းလေးမပြောခင်မှာ ဒီကားထဲမှာ အဓိက ကာရိုက်တာ

၄ ယောက်ပါဝင်ပါတယ်.. ယွမ်မော့၊ အားရှု ၊ဝမ်ခွန်ဝူ နဲ့ ယွီချီဟွား တို့ပဲဖြစ်တယ်…

သူတို့လေးယောက်က သူတို့နည်း သူတို့ဟန်နဲ့ တိုင်းပြည်အေးချမ်းသာယာဖို့

ကြိုးစားပြီး သတ္တိရှိရှိနဲ့ ငြိမ်းချမ်းရေးခရီးဆက်သူတွေပေါ့…

တမင် မင်းဆက်ခေတ်မှာ အေးချမ်းသာယာပြီး လူတိုင်း ခံစားချင်တဲ့ ပျော်ရွှင်မှုကို

ခံစားနိုင်တဲ့ ချန်လဲ့မြို့က ယွမ်မော့က လေးမျက်နှာတံဆိပ်ကို သုံးပြီး

တိုင်းတစ်ပါးသားတွေကို ဝင်ထွက်ခွင့်ပြုတဲ့ တံခါးဂိတ်မှာ စောင့်ကြည့်နေခဲ့ပါတယ်..

မမျှော်လင့်ဘဲ ယန်လဲ့ပြည်ထောင်က ဒုက္ခသည်ပြည်သူ အားရှုက ချန်လဲ့မြို့ထဲ

ခိုးဝင်ဖို့ကြိုးစားခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားတဲ့အဆင့်ထိ ရောက်သွားခဲ့တယ်…

ဒီကိစ္စကြောင့်ပဲ အသစ်ပြောင်းလာတဲ့ နယ်ခြားစောင့်စစ်သူကြီး ဝမ်ခွန်ဝူက

လေးမျက်နှာအဖွဲ့ကို စောင့်ကြည့်ဖို့ တာဝန်ချမှတ်ခံခဲ့ရတယ် အကျိုးဆက်ကတော့

ယွီဒယ်ရွှေကြီးကြပ်တဲ့ လေးမျက်နှာအဖွဲ့ရဲ့ အနောက်အရပ်ရုံးတော်အရေးကိစ္စမှာ

ယွင်မော့ ဆွဲသွင်းခံထားတာကို သိခဲ့ရတယ်… သူသည် တိုင်းရေးပြည်ရာ

ကိုင်တွယ်ဖြေရှင်းရတဲ့ အငယ်တမ်း အရာရှိတစ်ဦး ဖြစ်လာတယ်…

ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေကနေတစ်ဆင့် အားရှုက

ယွမ်မော့ရဲ့ အစေခံမလေး ဖြစ်လာပြီး ဝမ်ခွန်ဝူကလည်း ယွမ်မော့ရဲ့

အထက်လူကြီးဖြစ်လာခဲ့တယ်… သည့်အပြင် လူကုန်တန်အသိုင်းအဝိုင်းက

မိန်းမမြတ် ယွီချီဟွားလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်လာခဲ့တယ်…

အနောက်အရပ် ရုံးတော်ရဲ့ အသုံးမကျတဲ့ အဖွဲ့ဝင်လို့ လှောင်ပြောင်ခံရတဲ့

ယွမ်မော့က သူ့ကို စိန်ခေါ်နေတဲ့ သံတမန်ရေးရာကိစ္စအရပ်ရပ်ကို ကျော်ဖြတ်ရင်း

တဖြည်းဖြည်း ရင့်ကျက်လာတာကို မြင်တွေ့ရမှာပါ… ရှေးခေတ်ကားကိုမှ

ဟာသနှောပြီး ထူးဆန်းအံ့ဩဖွယ် အမှုတွဲတွေကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာမို့

CM တရုတ်ကားဖန် ပရိသတ်တို့ CM Team နဲ့အတူ ကြည့်ရင်း ဘဝအမောတွေဖြေကြတာပေါ့..

Show more...