A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Blood of Zeus : Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့

Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ်

Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်း

သတ်သတ် ဖြစ်မှာမဟုတ်ပါဘူး

မှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ

သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်

အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့်

သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ်

ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမယ့်

အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ဇူးစ်နတ်မင်းကြီးက သေမျိုးဖြစ်တဲ့လူနဲ့

ချစ်ကြိုက်ပြီးမွေးခဲ့တဲ့

အပြင် တရားမဝင်သားလည်း ဖြစ်နေတာကြောင့် အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားမျိုးနွယ်

အိုလံပီယန်တွေက ဟယ်ရွန်ကို သဘောမကျကြပါဘူး

အထူးသဖြင့် ဇူးစ်နတ်မင်းကြီးရဲ့ မဟေသီ ဟီရာနတ်ဘုရားမက သူ့ကို ဖောက်ပြန်ခဲ့တာသိရတာကြောင့် ပိုလို့တောင် သဘောမကျပါဘူး

ဒီလိုနဲ့ အိုလံပီယန်နတ်ဘုရားတွေနဲ့ ဟယ်ရွန်နဲ့ ဘာတွေဆက်ဖြစ်ကြမလဲ

Titans တွေနဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲအကြောင်း၊

Titans တွေရဲ့ ကျိန်စာကြောင့် ပေါ်ထွက်ခဲ့တဲ့ Giants တွေနဲ့

Demons တွေကရော ဘယ်ကပေါ်လာသလဲ

ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်

အညွှန်းကို Jerrica က ရေးသားထားပြီးတော့

A commoner living in ancient Greece, Heron discovers his true heritage as a son of Zeus, and his purpose: to save the world from a demonic army.

Show more...