A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Blackout: ဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့
crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။
ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက်
ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။
ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး
အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့
သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက်
တခြားသူတွေကိုဘယ်လိုပဲ‌ဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။
ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့်
စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့
အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း
လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့….
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

The streets of Pune, where a single night of darkness engulfs the city in mystery, as crime reporter Lenny, gets entangled in a web of greed and misfortune.

Show more...