အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Alien: Covenant – ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင်
အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီးအဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီးနောက်ဆုံးမှာ ဂြိုဟ်သား ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။နောက် တော့ ရောဂါကူးစက်ခံရသူတွေ ဆီကနေ ဂြိုဟ်သားတွေပေါက် ပွားလာခဲ့ကာ ယာဉ်ပေါ်ကလူ တွေကို အန္တရာယ်ပေးပါတော့ တယ်။စိတ်ကူးယာဉ်သိပ္ပံအက်ရှင် ဇာတ်လမ်းတွေရဲ့ ရိုက်ချက်တွေအတိုင်း ခေတ်လွန် လက်နက် တွေ၊ ဂြိုဟ်သားနဲ့ လူတွေရဲ့တိုက်ပွဲတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထား တာမို့သိပ္ပံဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေ သဘောကျမှာပါ။ဒီတစ်ခါဇာတ်ကားမှာကော ဒါရိုက်တာစကော့က ဘယ်လို တွေ လက်စွမ်းပြထားသလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ အကဲဖြတ်လိုက်ဦး။ဒီဇာတ်ကားထဲက သရုပ် ဆောင်တွေကတော့ ဒေးဗစ် 8/ ဝေါလ်တာအဖြစ် မိုက်ကယ်ဖက်စ်ဘန်ဒါ၊ဒန်နီယယ်အဖြစ် ကက် သရင်းဝေါတာစတန်တို့နဲ့အတူ ဘီလီခရူဒက်ပ်၊ဒန်နီမက်ဘ ရိုက်၊ ဒန်မီရန်ဘီချာ၊ ကာမန်းအီ ဂျိုဂိုစသူတွေ ပါဝင်ထားကြတာ ပါ။ဘာသာပြန်သူကတော့ မင်းသက်ဦး ဖြစ်ပြီး ဇာတ်လမ်းအညွန်းကိုတော့ ဇီးကွက် မှ ကူးယူဖော်ပြပါတယ်

In 2104, almost eleven years after the disastrous expedition to the distant moon, LV-223, in Prometheus (2012), the deep-space colonisation vessel, USCSS Covenant, is on course for the remote planet, Origae-6, with more than 2,000 colonists in cryogenic hibernation to build a new world. Instead, a rogue transmission entices the crew to a nearby habitable planet which resembles Earth. As a result, the unsuspecting crewmembers of the Covenant will have to cope with biological foes beyond human comprehension. Now, what started as a peaceful exploratory mission, will soon turn into a desperate rescue operation in uncharted space. Is there an escape from the treacherous, mysterious planet? Written by Nick Riganas

Show more...