A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Addicted to Love: ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊
Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam နဲ့ Maggie တို့ နှစ်ယောက်ပူးပေါင်းပြီး Anton နဲ့ Lindaတို့နေထိုင်တဲ့ တိုက်ခန်းကို အသံဖမ်းခိုးနားထောင်ကြပါတယ်။ ဒါတင်မကသူတို့စုံတွဲကို နေ့တိုင်း ပြဿနာတမျိုးပြီးတမျိုးတက်အောင် ဇာတ်လမ်းဆင်ပြီးနောက်ကွယ်ကနေ တိတ်တိတ်ကလေး လုပ်ကြံပါတော့တယ်။ဒီနောက်ပိုင်းမှာတော့ အန်တန်တို့စုံတွဲ ဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ Sam ကသူအရမ်းချစ်ရတဲ့တဲ့ Linda နဲ့ ပြန်ပေါင်းထုပ်နိုင်မှာလား၊ Maggie ကရောသူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ Anton ရဲ့ ဘဝကို Maggieတယောက် ဘယ်လိုနစ်နာအောင် လက်စားချေပြမလဲဆိုတာ ဟာသအသောကလေးတွေနဲ့ ဇာတ်ဝင်ခန်း တခန်းပြီးတခန်း ငြီးငွေ့စရာမရှိအောင် စောင့်မျှော် အားပေးကြရမှာဖြစ်ပါတယ်။

Show more...