A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Yubisaki to Renren Trailer
Watch

Yubisaki to Renren

24 min

Now showing: Full 12/12

Latest episode: 121110

Country: Japan

Actors: Ethan Gallardo…Kaede HondoLara WoodhullNazeeh TarshaReagan MurdockRebecca DanaeSumire MorohoshiTakeo OtsukaTasuku HatanakaYu Miyazaki

Genres: Animation, Anime, Comedy, Drama

4.85/ 5 1 votes
Movie plot

Yubisaki to Renren: ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။

ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။

နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။

အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်း

ကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလို

အရည်ပျော်သွားသလားပေါ့လေ။

အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့

ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…

စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်း

အရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်က

ကူညီပေးသွားခဲ့ပါတယ်။

သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာ

ကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လို

တအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်း

သာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီး

ထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်း

သူနဲ့အတူတူ ပါသွားလေရဲ့…။

ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလား

ကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလား

နှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။

ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ စောင်လေးကိုက်

အသဲလေးတယားယားနဲ့ နှလုံးသားတွေပါ နွေးထွေးစေမယ့်

ဒီ Anime လေးကို ကြည့်လိုက်ပါတော့။

Anime တွေရဲ့ ထုံးစံအတိုင်း မင်းသမီးလေးကလည်း

ပုတုလေးနဲ့ ချစ်စရာကောင်း မင်းသားကလည်း

နာမည်ကျော် Gojo-sensei လို ရုပ်ပေါက်နဲ့ဆိုတော့

ဘာလိုသေးလဲ။

ဆွဲထားတာလည်း ဆောင်းရာသီဆိုတော့ နှင်းစက်လေးတွေနဲ့ အမြင်လှပြီး

မင်းသမီးလေးရဲ့ အူကြောင်ကြောင်နဲ့ ချစ်စရာ

ရယ်မောရတဲ့အခန်းလေးတွေ မင်းသားရဲ့ မထုံတတ်တေးနဲ့ မထင်သလို

လုပ်ပြတဲ့အကွက်လေးတွေ ကျန်တဲ့ ဇာတ်ပို့တွေရဲ့ စိတ်ဝင်စားစရာ

Side-story လေးတွေကိုလည်း မြင်ရမှာပါ။

ခုလက်ရှိမှာလည်း မြန်မာငွေ ၅ ထောင်တန်နဲ့ ၅၀ တန်လေးကို

တိတိကျကျ ပုံဖော်ထည့်သွင်းထားလို့ နာမည်ကြီးနေတဲ့

စီးရီးလေးလည်း ဖြစ်ပါတယ်။

Season 1 အနေနဲ့ ၁၂ ပိုင်းထွက်ရှိမှာ ဖြစ်ပြီး

လက်ရှိမှာတော့ ၅ ပိုင်းထိ ထွက်ထားပါတယ်

စနေနေ့ညတိုင်း အပိုင်းသစ်ထွက်တာနဲ့လည်း

တင်ဆက်ပေးသွားဦးမှာပါ။

Show more...