A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Poacher: Delhi Crime(2019)စီးရီးကို ဖန်တီးရေးသားပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရစ်ချီမယ်ထာရိုက်ကူးပုံဖော်ထားတဲ့ မီနီစီးရီးအသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးက မလေယာလမ်းစီးရီးဖြစ်ပြီး မင်းသမီးချော အာလီယာဘတ်လည်း အားဖြည့်ထားပါတယ်။
“ကျွန်မတို့မှာ ကျွန်မတို့ကမ္ဘာမြေအတွက် တာဝန်ရှိတယ်…အဲဒါက ဒီစီးရီးမှာပါဝင်ရတဲ့အကြောင်းပြချက်တွေထဲကတစ်ချက်ပေါ့”လို့ မင်းသမီးချောအာလီယာဘတ်က ဆိုပါသေးတယ်။ကီရာလာက တောကြီးတစ်ခုထဲမှာ ဆင်အကောင်ရေ ခြောက်ထောင်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ကိုးဆယ်ပြည့်နှစ်အလွန်ကတည်းက မတွေ့ရတော့တဲ့ ဆင်မှောင်ခိုသမားတွေက ရုတ်တရက်တစ်စခန်းထလာပြီး ဆင်တွေကို သတ်ဖြတ်မှောင်ခိုကူးပါတယ်။ဒီမှာပဲ သစ်တောဦးစီးဌာနကို အထက်က ရှယ်ကြိမ်းတော့တာပေါ့။ငှက်ဘေးမဲ့တောမှာ တာဝန်ကျနေပြီး အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ထူးချွန်အရာရှိမာလာက တချိန်က ကီရာလာကဆင်ရိုင်းတွေကို ကာကွယ်ပေးခဲ့တဲ့သူ။အခုလို ဆင်တွေကိုမှောင်ခိုကူးတဲ့ကိစ္စက တာဝန်ကျအရာရှိတွေ ခေါင်းမီးတောက်နေတုန်းမှာ အရာရှိမာလာပဲကိုယ်တွယ်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရှိမာလာတစ်ယောက် ကီရာလာက တောကြီးထဲမှာပြန်လည်တာဝန်ထမ်းဆောင်ရပါတော့တယ်။

Show more...