A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Inside Man Trailer
Watch
Movie plot

Inside Man : Games of Thorne , Sherlock Holmes စတဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ BBC ကနေ တာဝန်ယူထုတ်လွှင့်ထားတဲ့ စုံထောက်လူသတ်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲ ဆိုပေမယ့် ၄ ပိုင်းထဲပါပြီး ၄နာရီကြာဇာတ်ကားတစ်ခုလို အတော်လေးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး British မင်းသား David Tennat နဲ့ ရာဇဝတ်ကားတွေဆို နောက်ကွယ်ကဉာဏ်ကြီးရှင် Master mind နေရာမှာပါဝင်နေကြ Stanley Tucci တို့က ပါဝင်အားဖြည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီးမှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး…ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကိုသတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင်ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင်တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ဆရာကြီးဂျက်ဖာဆင်ဆီ လာပြီးထောင်ထဲထိ ဖြေရှင်းခိုင်းရပါတယ်။ သူကလည်း သာမန်အမှုမျိုးဆို ကိုင်တတ်သူမဟုတ်ဘဲ၊ သူ့ရဲ့သတ်မှတ်စံနှုန်းပြည့်မှီတဲ့ အမှုကိုမှ ကိုင်ပါတယ်။အမှုတွေဖြေရှင်းလာရင်း သူသေမိန့်နီးလာတဲ့ ၂ ပတ်အလိုမှာ အင်္ဂလန်က ဘုန်းကြီးလူသတ်မှုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ သာမန်ဆို ခရစ်ယာန်ဘုန်းတော်ကြီး ဟယ်ရီဟာ လူသတ်ဖို့မပြောနဲ့ တစ်မြို့လုံးကချစ်ကြတဲ့လူကောင်း ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီရဲ့ ရှုပ်ထွေးလှတဲ့အမှုကို ဖြေရှင်းဖို့ ဂျက်ဖာဆင်ဆီ ရောက်လာတဲ့ အခါမှာတော့ . . .မသေခင် နောက်ဆုံးအမှုတစ်ခုကို ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်တဲ့ ဂျက်ဖာဆင်နဲ့ဟယ်ရီတို့ရဲ့ အမှုကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ စုံထောက်ဇာတ်လမ်းတွဲတွေ ကြိုက်သူအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလို့ အကြံပြုချင်ပါတယ်။ ဂျက်ဖာဆင်အဖြစ် သရုပ်ဆောင်ထားသူက Stanley Tucciပဲ ဖြစ်ပါတယ်။

Show more...