A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Young Black Stallion: ဒီဇာတ်လမ်းလေးကတော့ Walt Disneyကထုတ်ခဲ့တဲ့
ချစ်စရာကားဟောင်းကားကောင်းလေးတစ်ကားပါပဲ…။ဇာတ်လမ်းလေးကို အာရေဗီယျကန္တာရထဲက မျိုးနွယ်စုလေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။
ဒီကန္တာရမျိုးနွယ်စုတွေမှာက နှစ်စဥ်နှစ်တိုင်းမြင်းပြိုင်ပွဲတွေလုပ်ရင်း မြင်းသားဖောက်တဲ့လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။အဓိကဇာတ်လိုက်လေးလည်းဖြစ်တဲ့ နီရာဆိုတဲ့ကောင်မလေးဟာလည်း ဒီမျိုးနွယ်စုက ကောင်မလေးတစ်ယောက်ပေါ့။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ နီရာတို့လည်း စစ်ဒဏ်ကြောင့်မြင်းလုပ်ငန်း မလုပ်နိုင်တော့ဘဲ အေးချမ်းတဲ့တစ်နယ်တကျေးကိုသွားရောက်စစ်ရှောင်နေခဲ့ရပါတယ်…။စစ်ကြီးအပြီးမှာ နီရာလေးဟာ မွေးရပ်မြေကိုပြန်လာရင်းလမ်းမှာ ဓားပြတွေနဲ့ကြုံပါလေရော…။ဓါးပြတွေလက်က လွတ်အောင်ပြေးရင်းနဲ့ နီရာလေးတစ်ယောက်မှော်ဆန်တဲ့ အနက်ရောင်မြင်းသိုးလေးနဲ့ကြုံ့ဆုံခဲ့ရပါတော့တယ်…။ဒီမြင်းလေးနဲ့ဆုံပြီးနောက် နီရာရဲ့ဘဝဟာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို….Disneyဇာတ်ကားတို့ထုံးစံအတိုင်း ချစ်စရာဇာတ်အိမ်လေး၊ရူခင်းလေးတွေအပြည့်နဲ့ကို မရိုးမအီနိုင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Show more...