A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Mr. Bachelor Trailer
Watch
Movie plot

Mr. Bachelor: “၃၁ယောက်မြောက် သတို့သမီး”ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက်
ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို
တင်ဆက်ပေးလိုက်တယ်။
သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို
ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။
အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊
ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့
အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက
မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။
အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး
မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့
သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။
အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။
ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို
ကြည့်ရှုခံစားကြရမှာပါ။

Mr. Bachelor is a Kannada movie starring Darling Krishna, Milana Nagaraj and Nimika Ratnakar in the lead.

Show more...