A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Eternal Sunshine of The Spotless Mind (2004)
IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့….မင်းသားကြီး ဂျင်မီကာရေး မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင်
အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့
မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။
တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ
ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်
မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ
မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။”
အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင်
မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ )
ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။
ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့
Eternal Sunshine of the Spotless Mind ပါ။Warning– This content contains spoilers !!!ဇာတ်လမ်းအစမှာ Joel တစ်ယောက်
မရည်ရွယ်ထားတဲ့ခရီးတစ်ခုမှာ
Clementine ဆိုတဲ့ကောင်မလေးတစ်ယောက် နဲ့
ဆုံမိပြီး အပြန်ရထားပေါ်မှာ နှစ်ယောက်တူတူစကားလက်ဆုံကျရင်း ရင်းနှီးကျွမ်းဝင်သွားကြတယ်။
သူတို့နှစ်‌ယောက်လုံးရဲ့ မှတ်ဉာဏ်ထဲမှာတော့
ဒါက သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုပေါ့။
တကယ်တမ်းကတော့ ဒါကသူတို့ရဲ့
ဒုတိယမြောက်ပြန်တွေ့ဆုံမှုပါ။
နှစ်ယောက်လုံးက အရင်ကဆုံခဲ့ဖူးကြပြီး
ချစ်ခဲ့ကြပြီး တွဲခဲ့ဖူးကြတဲ့သူနှစ်ယောက်ပါ။
တဖြည်းဖြည်းနဲ့ toxic ဆန်လာတဲ့ သူတို့နှစ်ယောက်ရဲ့ relationship မှာ Clementine က မပျော်တော့လို့
ဆိုပြီး အကြောင်းပြချက်နဲ့ မှတ်ဉာဏ်ဖျက်ပေးတဲ့ ဆေးခန်းကိုသွားပြီး Joel နဲ့ပက်သတ်ခဲ့ဖူးတဲ့
အမှတ်တရတွေ မှတ်ဉာဏ်တွေအားလုံးကို
ဖျက်ပစ်လိုက်တယ်။
မှတ်ဉာဏ်ဖျက်ပေးတဲ့ဆေးခန်းရဲ့စည်းမျဉ်းစည်းကမ်းအရ အမှတ်တရကိုမဖျက်စီးပစ်ခင်
ဖျက်စီးခံရမယ့် မှတ်ဉာဏ်ထဲကလူနဲ့
ပက်သတ်ခဲ့ဖူးတဲ့ ဖလှယ်ခဲ့ဖူးတဲ့
ပစ္စည်းတွေ လက်ဆောင်တွေအားလုံးကို
ဆေးခန်းကိုယူသွားရပြီး တချို့ပစ္စည်းတွေကိုတော့ ဆေးခန်းကဖျက်စီးပစ်ပြီး ကြီးမားလွန်းတဲ့အမှတ်တရတွေတည်ရှိနေတဲ့ပစ္စည်းတွေကိုတော့မူရင်းပိုင်ရှင်ဖြစ်တဲ့ တနည်းအားဖြင့်
အမှတ်တရတွေကိုတူတူဖန်တီးခဲ့တဲ့
ကာယကံရှင် Joel ဆီ လိပ်မူပြီး Clementine က
Joel နဲ့ ပက်သတ်တဲ့မှတ်ဉာဏ်တွေအားလုံးကို ဖျက်စီးပစ်လိုက်ပြီ delete လုပ်လိုက်ပြီ ဖြစ်တာမလို့
Clementine နဲ့ပြန်တွေ့ရင် မသိသလို နေပေးပါဆိုတဲ့
အသိပေးစာဆန်ဆန်စာတစ်စောင်ကိုပို့ထားပေးတယ်။
Joel ကလည်း ဒီလိုအမှတ်တရတွေကို
ဖျက်စီးပစ်ရမလားဆိုပြီး ဒေါသတွေထွက်
Anxiety တွေဝင်ပြီး လောကကြီးမှာ ကိုယ့်အကြောင်းကိုမေ့ပစ်ထားတဲ့လူရဲ့ မှတ်ဉာဏ်တွေကို
ဘာလို့ သယ်ဆောင်ထားရဦးမှာလဲဆိုပြီး
သူပါ မှတ်ဉာဏ်ဖျက်ပစ်လိုက်ဖို့
ဆုံးဖြတ်လိုက်တယ်။
Joel ဆေးခန်းသွားတဲ့နေ့က Valentine Day
မတိုင်ခင်တစ်ရက်အလိုဖြစ်ပြီး ဆေးခန်းမှာ
လူအရမ်းကျတဲ့နေ့ပေါ့။
အမှတ်တရနေ့မတိုင်ခင်
အမှတ်တရတွေကို လာဖျက်နေကြတဲ့သူတွေအမြောက်အများကြောင့် Joel တစ်ယောက် awkward ဖြစ်သွားတယ်။
နာမည်ကြီးတဲ့စကားတစ်ခွန်းဖြစ်တဲ့
တွယ်ငြိရာသာဆုံးရှုံးရာဆိုသလိုပေါ့။
မှတ်ဉာဏ်တွေသာမရှိတော့ရင်
နာကျင်ရတာတွေလည်းရှိတော့မှာမဟုတ်ဘူးဆိုတဲ့
မျှော်လင့်ချက်ကြီးကြီးနဲ့
side effects အရမ်းများတဲ့ မှတ်ဉာဏ်ဖျက်တဲ့လုပ်ငန်းစဉ်ကို မကြောက်မရွံ့ လုပ်ကြတဲ့သူတွေပေါ့။
နောက်ဆုံးမှာ Joel တစ်ယောက်
Clementine နဲ့ ပတ်သတ်တဲ့
မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီမလို့
သူတို့နှစ်ယောက် တစ်ယောက်ကို
တစ်ယောက်မသိ ကြတော့ဘဲ
တစ်ယောက်နဲ့တစ်ယောက် မမှတ်မိကြတော့ဘဲ
ကိုယ်စီကိုယ်စီ သူတို့ရဲ့ ပုံမှန်လူနေမှုဘဝမှာ ကျင်လည်လှုပ်ရှားနေကြရင်းနဲ့
နောက်ထပ်တစ်ကြိမ် ရထားပေါ်မှာ
ဆုံဖြစ်သွားကြပြီး ပြန် ချစ်သွားကြတယ်။
ပြန်ပြီး တွယ်ငြိသွားကြပြီး
ချစ်သူတွေပြန်ဖြစ်သွားကြပြန်တယ်။
ဒီလို meant to be သဘောတရားတွေကို
what if ထဲက absolute point တွေလို့ သတ်မှတ်ရမယ်ထင်တယ်။လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတစ်ခုမှာ absolute point တစ်ခုကတော့ သေချာပေါက်ကို ရှိကိုရှိနေမယ်ထင်တယ်။
ကြုံဆုံရမယ့်သူတွေက ဆုံကိုဆုံမှာဖြစ်ပြီး
သူတို့ကို ဘယ် what if တွေကမှ တားဆီးနိုင်မှာ
မဟုတ်ဘူး။
မှတ်ဉာဏ်တွေ ဖျက်ပစ်ခံထားရရင်တောင်
သူတို့ကနောက်တစ်ခါထပ်ဆုံတဲ့အချိန်ကြရင် နောက်ထပ် ထပ်ချစ်မိကြဦးမှာ။
ထပ်ပြီးတစ်ယောက်ကိုတစ်ယောက်
နာကျင်အောင်လုပ်မိကြဦးမှာ။
Joel နဲ့ Clementine တို့နှစ်ယောက်
အဲ့နေ့က ရထားပေါ်မှာမဆုံဖြစ်ခဲ့ရင်တောင်
သူတို့အမြဲသွားနေကြ စာအုပ်ဆိုင်မှာ
ပြန်ဆုံဖြစ်ကြဦးမှာဘဲ။
မှတ်ဉာဏ်တွေမရှိတော့ပေမယ့်လည်း
သူတို့ရဲ့မသိစိတ်ထဲမှာ အဲ့လူရဲ့ဖြစ်တည်မှုက
တည်ရှိနေတာမလို့ မှတ်ဉာဏ်တွေဖျက်လို့ရရင်တောင် သူတို့ရဲ့ရွေးချယ်မှုအပြောင်းအလဲတွေကနေ
ထပ်ထပ်ပြီး ခွဲထွက်သွားတဲ့ နောက်ထပ်သက်ရောက်မှုအသစ်တွေက သူတို့ကိုမဆုံဆုံအောင် ပြန်ဖန်တီးပေးနေဦးမှာပဲ။
ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ
ရေးထားတာကိုကိုးကားပြောရရင်
လောကကြီးမှာ လူနှစ်မျိုးနှစ်စားရှိပြီး
တစ်မျိုးကတော့ ဘဝမှာ အချစ်ကို ရှာဖွေရင်း အချိန်ကုန်ဆုံးပြီး တစ်မျိုးကတော့ ဘဝမှာ အချစ်ကို စောင့်ဆိုင်းရင်း အချိန်ကုန်ဆုံးကြတယ်တဲ့။
တိုက်ဆိုင်တာက ရှာဖွေတဲ့သူက
စောင့်ဆိုင်းနေတဲ့သူကိုတွေ့ပြီး
စောင့်ဆိုင်းနေတဲ့သူက ရှာဖွေတဲ့သူကို
စောင့်နေကြတယ်တဲ့။
ဒါကြောင့်ပဲ ရွေးချယ်မှုမတူညီကြရင်တောင်
တစ်ယောက်အတွက် တစ်ယောက်
ဖြစ်တည်လာစေတဲ့ butterfly effect ဆိုတဲ့ မမြင်ရတဲ့ ကံကြမ္မာဝဲဂယက်တွေက ကူးလွန့်နေကြတာပါ။
နှစ်ယောက်လုံးကရှာဖွေသူဖြစ်နေရင်
ဒါမှမဟုတ် နှစ်ယောက်လုံးက
စောင့်ဆိုင်းသူဖြစ်နေရင် သေချာပေါက် လွဲချော်သွားကြမယ့် သူတွေပါတဲ့။ဒီရုပ်ရှင်ရဲ့ alternate endingတစ်ခုလည်း
ရှိပါသေးတယ်။ အဲ့ထဲမှာ Clementine က
အသက် 50ကျော် အဘွားကြီးတစ်ယောက် ဖြစ်နေပြီး မှတ်ဉာဏ်ဖျက်ဖို့
ဆေးခန်းကိုထပ်လာတယ်။
ဆရာဝန်က Clementine ကို သိနေပြီး
nurse assistant ကတောင် Clementine နဲ့သူငယ်ချင်းတွေဖြစ်နေပေမယ့် Clementine ကတော့မှတ်ဉာဏ်ဖျက်ထားတဲ့သူမို့ ဘာမှမမှတ်မိပါဘူး။
ဆရာဝန်က ထုံးစံအတိုင်း ဘယ်သူနဲ့ ပက်သတ်တဲ့ မှတ်ဉာဏ်ကိုဖျက်ပစ်မလဲမေးတော့
” Joel ဆိုတဲ့ လူနဲ့ ပက်သတ်တဲ့မှတ်ဉာဏ်ကို
ဖျက်ပစ်ချင်လို့ပါ။ သူနဲ့ ကျွန်မ senior ကပွဲမှာ
‌ဆုံခဲ့ကြတာလေ။ နှစ်ယောက်လုံးကလူလွတ်တွေမလို့
ကျွန်မတို့ တွဲဖြစ်ခဲ့ကြတယ် ။
ခုတော့ ကျွန်မသူ့ကိုတော်တော်စိတ်ကုန်သွားပြီ။
ဒါကြောင့်မလို့ သူနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေကို
ဖျက်ပေးပါရှင်။
ဒီလောက်နှစ်တွေအကြာကြီး ကျွန်မ ဘာလို့ကောင်းကောင်းမွန်မွန် လူတစ်ယောက်နဲ့များ
အိမ်ထောင်မကျဘဲ ခုထိ အတည်တကျ ဘဝမရှိနေရလဲဆိုတာ ကျွန်မဖြင့်နားကိုမလည်နိုင်တော့ပါဘူးရှင်”ဆိုပြီး Clementine ကငြီးငြီးငြူငြူပြောတော့
ဒေါက်တာက Clementine နာမည်ကို ကွန်ပျုတာမှာရိုက်လိုက်ပြီး ဆေးမှတ်တမ်းဖွင့်ကြည့်တော့
နာမည်တူ ဆေးမှတ်တမ်း 15 ခုကျလာပြီး
မှတ်တမ်း 15 ခုလုံးမှာ Clementine က Joel ဆိုတဲ့
လူကိုသူ့မှတ်ဉာဏ်ထဲက လာလာဖျက်နေတယ်ဆိုတာပေါ့။
ဒါကဖတ်ဖူးတဲ့ alternate ending တစ်ခုပါ။
ဒွိဟဖြစ်ကျန်စရာကတော့ Joel ဘက်ခြမ်းကို
ပြောမပြထားတာမလို့ Clementine မှတ်ဉာဏ်
ဖျက်တဲ့ 15ကြိမ်လုံးမှာ Joelကကော ဖျက်ပစ်
မဖျက်ပစ်ဆိုတာကိုတော့ မသိရပါဘူး။
မဖျက်ပစ်ရင် Joel ကတမင် Clementine နဲ့
ပြန် ဆုံအောင် ဖန်တီးတွေ့ဆုံနေတာဖြစ်ပြီး
Joel ဘက်ကလည်းမှတ်ဉာဏ်ကိုဖျက်ပစ်ရင်
သူတို့ မှတ်ဉာဏ် 15ကြိမ်ဖျက်ပြီးတာတောင်
ပြန်ပြန်ဆုံကြပြီး အကြိမ်ကြိမ်ထပ်ထပ်
ပြန်ချစ်မိသွားကြတာမလို့ စစ်မှန်တဲ့အချစ်လို့ပဲခေါင်းစဉ်တပ်ရမလား ဝဋ်ကြွေးလို့ပဲဆိုရမလား။တကယ်တော့ မှတ်ဉာဏ်ဆိုတာက
နေရောင်သေးသေးလေးနဲ့တူပါတယ်။
မှောင်မည်းနေတဲ့ချောင်ကြိုချောင်ကြားလေးထဲမှာတောင် ဖွင့်ပေးလိုက်တာနဲ့ တိုးဝင်လာတတ်တဲ့ နေရောင်ခြည်ပေါ့။
အမှတ်တမဲ့ ဘာမဟုတ်တာလေးကို
စဉ်းစားမိရင်တောင် တသီကြီးတတန်းကြီး
အတွေးတွေပေါ်လာစေတဲ့
ကြည်နူးစေနိုင်သလို နာကျင်စေနိုင်တဲ့
မှတ်ဉာဏ် နေရောင်အပိုင်းအစတွေပေါ့။
Eternal Sunshine of the Spotless Mind
ဆိုတဲ့ ခေါင်းစဉ်ကို အဓိပ္ပါယ်ဖွင့်ကြည့်ရင်
ဒါမှမဟုတ် ဇာတ်လမ်းအကြောင်းအရာ
မှတ်ဉာဏ်တွေနဲ့ တွဲဖက်စဉ်းစားကြည့်လိုက်ရင်
နေရောင်(မှတ်ဉာဏ်) ဆိုတာ စိတ်အခံပေါ်မူတည်ပြီး
နွေးထွေးမှုကိုပေးသလို တစ်ခါတစ်ရံတော့လည်း တောက်လောင်အောင် မီးမြိုက်ပေးနေတဲ့
အမှတ်တရတချို့ပေါ့။
နာကျင်ရတာချင်းတူရင်တောင်
လူတစ်ယောက်ဆီက အကြိမ်ကြိမ်အခါခါ နာကျင်ရတာထက် မတူတဲ့သူတွေဆီက မတူတဲ့ ပုံစံကြောင့်
နာကျင်ရတာက ပိုသက်သာမယ်ထင်တယ်။
ဒါကြောင့် Clementine ကအမြဲတမ်း
မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့နည်းကိုဘဲ ရွေးပြီး
အဆိပ်အတောက်ဖြစ်ဖြစ်သွားတဲ့ သူတို့ဆက်ဆံရေးကနေ ရုန်းထွက်နိုင်ဖို့ကြိုးစားခဲ့တာထင်တယ်။
မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်ပြီး
quitလုပ်တဲ့နည်းက အဆုံးသတ်လိုက်ဖို့
အလွယ်ဆုံးလို့ တွေးမိလို့ Clementine တစ်ယောက်
ဒီနည်းကိုရွေးခဲ့ပေမယ့်လည်း
တကယ်တမ်းကျတော့ သူ့မသိစိတ်မှာကျ
Joel အပေါ် တွယ်ငြိ စွဲလမ်းနေလို့ ပြန်ဆုံတွေ့တိုင်း
အရင်ကမှားတယ်လို့ သူယူဆခဲ့တဲ့ လမ်းကိုဘဲ
သူအကြိမ်ကြိမ်ပြန်ရွေးချယ်နေခဲ့တုန်းပါပဲ။

Show more...