A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Weak Layers: ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင်
ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင်
သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာမြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစားသမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိစေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း***************ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီးရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော်ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ်မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကိုကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။

Show more...