A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
184 view
Server Option:Server HY
Server HY

Women in Blue: အပြာရောင်ဝတ်စုံအောက်မှ အမျိုးသမီးများ

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်များအပေါ်မှာ မှိငြိမ်းရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော series တစ်ခုဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ဝန်းကျင် မက္ကဆီကိုစီးတီး မြို့လေးမှာ အမျိုးသမီးတွေကို သတ်ပြီးတာနဲ့ အဝတ်ချွတ်ခဲ့တဲ့ “အဝတ်ချွတ်သူ” လို့ နာမည်ပေးခြင်းခံထားရတဲ့ လူသတ်သမားတစ်ယောက် လွတ်မြောက်လို့နေပါတယ်။

အဲဒီအချိန်မှာ ပြည်သူတွေကအစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်အပြစ်တင်နေကြသလို ဒါကိုပဲ သတင်းလုပ်ပြီးရေးသားနေတဲ့ မီဒီယာတွေရဲ့ အာရုံကို ပြောင်းဖို့အတွက် အစိုးရက ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်ကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။

ဒီအခါမှာတော့ ယောကျ်ားက ဖောက်ပြန်လို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ မာရီးယာ အယ်လီနာ ဒီ လာ တော်ရီ ရဲတွေဆိုရင် အမြင်မကြည်တဲ့ သူ့ညီမ ဗလင်တီနား ကမာ့ချို မော်ရားလက်စ် သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပေမယ့် လစာ မတိုးတဲ့ အန်ဂျလိစ် ခရုဇ် နဲ့ မိန်းကလေးဆို အိမ်အလုပ်ပဲလုပ်ရမယ်လို့ ပုံသွင်းခံထားရတဲ့ ဂါဘီနာ ဟယ်ရာ မာတီးနက်စ် ဗာ့စ်ကီ ဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီ series ဟာဆိုရင် ဥပဒေစိုးမိုးမှုဆိုင်ရာ ရှုပ်ထွေးမှုတွေ၊ ကျားမဆိုင်ရာခွဲခြားဆက်ဆံခံရမှုတွေကို မီးမောင်းထိုးပြထားတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ လက်တွေ့ဘဝသူရဲကောင်းဆန်ဆန် အသာပေးဇာတ်လမ်းများကို စိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒီတော့ သူတို့ လေး ယောက်သား ဘာအခက်အခဲတွေကြုံတွေရဦးမလဲ၊ အမှုကိုဖြေရှင်းရင်းနဲ့တရားမျှတမှုကို ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။

Other part:
None
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments