A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
54 view
Server Option:Server HY
Server HY

Valshangakku shesham 2024
(ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ
တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်
အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့
Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့်
IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ
စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး
သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က
အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး
သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း)
မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။
အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို
ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု
ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက
သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။
သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင်
သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ်
စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင်
ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

The story of two friends set in two different time periods. Two boys, Murali and Venu, hailing from northern Kerala meet coincidentally and become friends.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments