A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
57 view
Server Option:Server HY
Server HY

Toy Story 4: ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။
ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။
ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်….တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲမိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ကလေးတွေရဲ့ သံယောဇဉ်တွေကိုလှလှပပ ပုံဖော်ထားတာပဲမို့ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments