Prev EP
Next EP
Light Off
Report
58 view
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Server HYServer HE

The Inheritance: ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာ
ထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း…..

A billionaire on the eve of his 75th birthday, invites his estranged children back home out of fear that tonight someone or something is going to kill him. He puts each of their inheritances on the line, to make sure they’ll help.

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments