MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
1K view
Server HY

Shogun: Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့

ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်

အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့

Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။

နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့

ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။

ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာ

တကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြ

William Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာ

တိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့

တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။

ဇာတ်လမ်းအကျဉ်း

၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ

ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။

အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီး

အရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။

အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကို

မသိအောင် ဖုံးထားပါတယ်။

ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်

ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်း

ဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲ

ကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာ

အာဏာလုဖို့ အားပြိုင်နေကြပါပြီ။

အဲဒီအားပြိုင်ပွဲမှာ ဥရောပက လာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာ

အဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့

အင်္ဂလိပ် လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့

လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။

တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ အတိုက်အခိုက်တွေနဲ့

ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါ

တင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။

Subscribe
Notify of
guest

1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
hyper
hyper
16 days ago

download link lok pay pr own