A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
21 view
Server Option:Server HY
Server HY

Sharathulu Varthisthai 2024 (ပိရမစ်စနစ်MLM)
IMDb – 7.4/10Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့
ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊
ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chain
networking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။
ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။
သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။
ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။
သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို
MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။
သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။
အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။
ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ…..
ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့်
အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်
ဒီဇာတ်လမ်းလေးကို CMမှာ ကြည့်ရှုပေးကြပါဦး။

Chiranjeevi, a small government employee from a lower middle class family fights back with the system when the system takes them for granted and fails them.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments