Pottel 2024 ရွာသူကြီးမင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့
ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ
ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်
စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ
ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ်ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင်
သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့
ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့
သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း
အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက
စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ်ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့
ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ
ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ …
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Eaint ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ် )
Set in a remote Telangana village, the film follows the inspiring journey of Gangadhar, a devoted father and guardian of a sacred sheep, whose goal is to secure a bright future for his daughter through education .The movie will give importance to culture and traditions in Telangana rural parts.