A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
67 view
Server Option:Server HY
Server HY

Secret Ingredient: အပိုင်းသစ် (၆) ဇာတ်သိမ်းပိုင်း

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Drama လေးကတော့ အချိုကြိုက်တဲ့သူတွေ

အကြိုက်တွေ့မဲ့ Secret Ingredient ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာတော့ ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား

သုံးနိုင်ငံက သရုပ်ဆောင်တွေကို စုံစုံလင်လင် တွေ့ရမှာဖြစ်တဲ့အတွက်

သာမန်ကိုရီးယားတွေနဲ့ ကွဲထွက်နေမှာပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဇာတ်ကားတွေဖြစ်တဲ့

Xo Kitty နဲ့ Gran Turismo တွေနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားသရုပ်ဆောင်

Sang Heon Lee နဲ့ ဖိလစ်ပိုင်က မင်းသမီးချောလေး Julia Barretto တို့အပြင်

တခြား နိုင်ငံတကာက သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Hajoon (Sang Heon Lee) ကတော့ ငယ်ရွယ်ပြီး စည်းစိမ်ဥစ္စာပြည့်ဝတဲ့သူတစ်ယောက်ပါ။

သူက ငယ်ငယ်ကသိခဲ့တဲ့ သူငယ်ချင်းကောင်မလေး Maya (Julia Barretto) နဲ့

ပြန်လည်ဆုံစည်းဖို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ သူမကိုရှာဖွေနေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ ကံအကြောင်းဖန်ပြီးတော့ သူတို့နှစ်ယောက်က စားဖိုမှုးအလုပ်တစ်ခုထဲမှာ ပြန်ဆုံတွေ့ကြတဲ့အခါ…

သူမကရော သူ့ကိုမှတ်မိပါ့မလား…။

အိပ်မက်ကိုယ်စီရှိကြတဲ့ သူတို့နှစ်ယောက်ကရော အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့

ဘယ်လိုကြိုးစားကြမှာလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

စုစုပေါင်း အပိုင်း (၆) ပိုင်း ပါဝင်မှာဖြစ်ပြီးတော့ အပါတ်စဥ် အင်္ဂါနေ့တိုင်း

Channel Myanmar က တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

(အညွှန်းကိုတော့ Kaung Htet Zin မှ ရေးသားထားပါတယ်။)

A Korean man gives up his entire luxurious life in Seoul in search of someone he’s never forgotten all these years in the hopes that she would fall in love with him, not for who they were back then or who they are now, but for what they can aspire to be: happy, fulfilled and blissfully in love with one another. Written by Viu

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments