အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
46 view
Server HYServer HE

Out of the Blue: ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့
Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်ကလူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။
တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကိုချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကိုခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကိုအဓိကပြသသွားပါတယ်။၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ်မှန်ပါ။လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင်အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာလိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင်ပေးခဲ့ကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

Ordinary people find extraordinary courage in the face of madness. On 13-14 November 1990 that madness came to Aramoana, a small New Zealand seaside village. It came in the form of a lone gunman with a rifle. As he stalked his victims the terrified and confused residents were trapped in the village for 24 hours while a handful of under-resourced and underarmed local policeman risked their lives trying to find him and save the survivors. By dawn 13 people lay dead. This is a docudrama based on a true story. Written by [email protected]

Subscribe
Notify of
guest

1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
Thaw Htet
Thaw Htet
5 months ago

Good