A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
171 view
Server Option:Server HY
Server HY

Ninja Kamui : အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ဇာတ်လမ်း ဇာတ်အိမ်က အစပျိုးတုန်းရှိသေးပေမဲ့ Fight Scene တွေ တကယ်အားရချက်ပဲ။မင်းသားရဲ့ နောက်ကြောင်းတွေ ပြဦးမယ်။ဘာလို့လိုက်သတ်နေရတာလဲဆိုတာတွေ ကျန်သေးတယ်။အက်ရှင်ခန်းတွေမှာ မင်းသားက နင်ဂျာအစွမ်းတွေကို နည်းနည်းသုံးပြသွားတာတွေလည်း ပါတော့နောက်အပိုင်းတွေဆို Full suit နဲ့ ဘယ်လိုတွေ ကြမ်းဦးမလဲ ကြည့်ရမယ်။High tech တွေနဲ့ Face-off လုပ်ပြတာတွေလည်း အစုံပါသေးတော့နောက်အပိုင်းတွေကြည့်ဖို့တောင် မစောင့်နိုင်တော့ဘူး။R-Rated ဆိုတော့လည်း သွေးသံတရဲရဲနဲ့ သတ်တာဖြတ်တာတွေကရှယ်ကြမ်းနေပြန်ရော။ကဲ… ခု အညွန်းဖတ်နေတာ ကြာနေမယ် ပြေးသာကြည့်လိုက်မကြိုက်ဘူးဆို ကြိုက်သလိုသာ လာပြောတော့ဗျာ။

Former ninja Joe Higan is ambushed by assassins who seek bloody revenge on him and his family for their betrayal, after escaping his clan and fleeing into rural America

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments