A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
49 view
Server Option:Server HY
Server HY

My Precious The Series : မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)

ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက်
Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့
You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့
ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။
Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့
Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။
အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့
အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့
အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။
တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ
အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။
ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။

တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း နတ်ပူးချင်‌ယောင်ဆောင်ပြီး ဆရာမကိုမျက်နှာပြောင်ရာကနေ ကြိမ်စာကျွေးခံရပြီး
တုန်တစ်ယောက် အတန်းထဲမှာ အတော်ဆုံးလည်းဖြစ် အတန်းခေါင်းဆောင်လည်းဖြစ်တဲ့လင်ရဲ့ရှေ့မှာ ထိုင်ရဖို့ ဖြစ်လာပါတော့တယ်။

အတန်းရဲ့နံပါတ် ၁ ကျောင်းသူလင်နဲ့ နောက်ကရေရင်နံပါတ် ၁ ချိတ်နေတဲ့ ကျောင်းသားတုန်တို့ကတော့
မြင်တာနဲ့တကျက်ကျက်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက် ဆိုပေမဲ့
ကိုယ့်မှာသူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်းပဲ
ဇိုး ၅ ကောင်တစ်ဖွဲ့လုံးဟာ လင်ကိုမှ Crushမိကြတဲ့အခါ….

တစ်ချိန်က ပျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝအမှတ်တရတွေကို ပြန်တွေးတဲ့အခါမှာ
ပထမဆုံး နှလုံးသားထဲကို နေရာဝင်ယူခဲ့ဖူးတဲ့ ချစ်ဦးသူအကြောင်းကတော့ မပါမဖြစ်ပါပဲ။
အခုဒီကားလေးထဲမှာလည်း ငယ်ချစ်ဦးမို့ အနှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်း
Y2Kခေတ်ထချိန်တစ်ခါက သူငယ်ချင်း ၅ ယောက် ဘယ်လိုစော်လိုက်ကြမလဲဆိုတာကို ကြည့်ရှုခံစားရင်း
ကျောင်းသားဘဝရဲ့ကြည်နူးစရာတွေကို ပြန်တွေးရင်း ရင်ခုန်လိုက်ကြပါစို့လား။

As punishment for playing a prank, the class troublemaker has to be supervised by the model student—but soon they catch feelings for each other.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments