A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
10 view
Server Option:Server HY
Server HY

Moonwalkers : ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်း
တစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူး
နှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက်အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန်နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လိုဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီးHarry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီးIMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကိုပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ သောကပတ်လည်ဝိုင်းနေပါတော့တယ်။တစ်ဖက်မှာလည်းအပိုလို ၁၁ ကိုလပေါ်လွှတ်တင်တော့မဲ့ အမေရိကန်ကမအောင်မြင်မှာကို စိုးရိမ်တာက တစ်ကြောင်း ရှရှားကလည်းအသည်းအသန်လပေါ်လူလွှတ်တင်ဖို့ ကိစ္စလုပ်နေတာကတစ်ကြောင်းနဲ့ အကြံအိုက်နေကြပါတော့တယ်။အဲ့ဒါကြောင့်မပြောကောင်းမဆိုကောင်း အခုလွှတ်တင်မဲ့ အာကာသယာဉ်မအောင်မြင်ခဲ့ရင်တောင်မှ တစ်ကမ္ဘာလုံးကိုဂျင်းထည့်ပြသဖို့အတွက် မကြာသေးခင်ကမှစိတ်ကူးယဉ်အာကာသသိပ္ပံရုပ်ရှင်ရိုက်ကူးထားတဲ့ နာမည်ကြီး ဒါရိုက်တာကျူးဘရစ်ကို လပေါ်ဆင်းသက်တဲ့ ရုပ်ရှင်ရိုက်ခိုင်းဖို့ကြံပါတော့တယ်။ဒီလိုနဲ့ CIAအေးဂျင့်ကစ်ဒ်မန်းကို ပိုက်ဆံတစ်ထုပ်နဲ့ ဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ လွှတ်လိုက်ပါတော့တယ်။တိုက်ဆိုင်ချင်တော့ အေးဂျင့်ကစ်ဒ်မန်းဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ ရောက်လာတဲ့အချိန်မှာဂျွန်နီကလည်း ပိုက်ဆံချေးဖို့ အဲ့ဒီရုံးခန်းထဲကို ရောက်နေတာနဲ့တိုးပါလေရော။အေးဂျင့်ကစ်ဒ်မန်းကလည်း ဂျွန်နီ့ကို ဒါရိုက်တာလက်ထောက် ထင်ပြီးပိုက်ဆံထုတ်ကြီး ပြလိုက်တော့ ဂျွန်နီကလည်း ဂျင်းထည့်မဲ့ အစိုးရကို တစ်ဖန်ပြန်ဂျင်းထည့်ရင်းနဲ့ဂျင်းသံသရာတွေ လည်ကုန်ပြီး ဘယ်လိုရယ်မောစရာစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတွေ့ရဦးမလဲဆိုတာကို ကြည့်ရမဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

What if Apollo 11 never actually made it? What if, in reality, Stanley Kubrick secretly shot the famous images of the moon landing in a studio, working for the US administration? This is the premise of a totally plausible conspiracy theory that takes us to swinging sixties London, where a stubborn CIA agent will never find Kubrick but instead is forced to team up with a lousy manager of a seedy rock band to develop the biggest con of all time, in this riotous, high-tempo action-comedy. Written by Reece Davis

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments