A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Light Off
Report
73 view

Intern in My Heart: နှလုံးသားထဲက အလုပ်သင်လေး (၂၀၂၄)

The root ထဲက သိပ်ကိုလွှမ်းမိုးချုပ်ချယ်တတ်တဲ့မမ Crisတစ်ယောက်
ဒီတစ်ခါမှာလည်း လူတိုင်းအပေါ် သိပ်ရက်စက်တတ် စည်းကမ်းတင်းကြပ်လွန်းတဲ့ ဘော့စ်မမအဖြစ် ပြန်လာပါပြီ။
နှင်းဆီလိုအဆူးတွေနဲ့ ကာရံထားတဲ့ ကျားသစ်လေးလိုမမကို The Family ထဲမှာထဲက ချစ်တတ်တဲ့မောင်လေး Blueနဲ့တွဲထားတဲ့
မမနဲ့မောင်လေးရဲ့ ရုံးတွင်းချစ်ဇာတ်လမ်းဆိုတော့ ရိုမှချိုမှဆိုတဲ့သူတွေ တန်းစီထားလို့ရပြီနော်။
ငယ်ငယ်တုန်းက မိုးကြိုးပစ်ခံရပြီးတော့ နှလုံးရပ်သွားတဲ့ ကောင်လေး,ရေး၊
ကံကောင်းချင်တော့ သူနှလုံးရပ်သွားတဲ့နေရာမှာ ကောင်မလေးတစ်ယောက်ရှိနေပြီး
သူ့ရဲ့ကယ်တင်မှုနဲ့ပဲ ဆေးရုံကို အချိန်မီရောက်သွားပြီး အသက်ရှင်ခဲ့သူလေး။
ထူးဆန်းတာက ရေးတစ်ယောက် ပြန်ပြီးတော့ သတိရလာတဲ့အခါမှတော့
လူတွေနဲ့ ထိလိုက်တဲ့အခါမှာ သူ့ခန္ဓာကိုယ်က လျှပ်စီးသွားပြီး နှလုံးခုန်မြန်လာကာ
သူ့ကို ထိလိုက်တဲ့သူရဲ့ ၂၄နာရီအတွင်းဖြစ်တာတွေကို မြင်လာရပါတော့တယ်။

ဆရာဝန်တွေကတော့ စူပါပါဝါတစ်ခုလို့ သတ်မှတ်ထားပေမဲ့
ရေးကိုယ်တိုင်ကတော့ ကျိန်စာတစ်ခုလို သတ်မှတ်ပြီး လူတွေနဲ့ မထိအောင် ရှောင်နေခဲ့ပါတော့တယ်။

တစ်နေ့မှာတော့ ရေးသူငယ်ချင်းဖြစ်သူ တော့ပ်ရဲ့ ဆွဲဆောင်မှုအရ
“မန်းဒေး” ဆိုတဲ့ ဖက်ရှင်အလုပ်တစ်ခုမှာ အလုပ်သင်ဆင်းဖို့ ဖြစ်လာပါတော့တယ်။
သူတို့အလုပ်သင်ဆင်းရမဲ့ အဖွဲ့အေရဲ့ ခေါင်းဆောင်ကတော့ အလုပ်မှအလုပ် ကျန်တာကို စိတ်မဝင်စားတဲ့ အလုပ်သရဲမလေးလင်းပဲ ဖြစ်ပါတယ်။
အလုပ်ကို လောဘကြီးတဲ့သူဖြစ်တဲ့အပြင် စည်းကမ်းကလည်းကြီးပြီးတော့ ဝန်ထမ်းတွေအပေါ်မှာလည်း
ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်သူဖြစ်တဲ့အလျောက် ဝန်ထမ်းတွေကလည်း ကြောက်ရွံ့ရသူတစ်ဦး။

ဒီလို အလုပ်သရဲမလေးလင်းနဲ့ ဘယ်သူမှမထိမခံရှောင်ဖယ်ရှောင်ဖယ်နေတဲ့ ရေးတို့ တွေ့ကြပြီးတဲ့နောက်ပိုင်းမှာ
ရိုဆန်ဆန်လေးနဲ့အတူ ဘယ်လိုစိတ်လှုပ်ရှားဖွယ်ကိစ္စတွေကို မြင်တွေ့ရမလဲဆိုတာကို CMပရိသတ်ကြီးတို့ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Server HY
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments