အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
10 view

Hyena Road: ဒီဇာတ်ကားလေးကတော့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ War/Drama
အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာဆိုရင်အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်‌ရေးတပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ခေတ်သစ်
စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်း‌စဉ်တွေအကြောင်းကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်..တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာ‌ဒေသမှာစစ်ဆင်ရေး‌ ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ်ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့အပြင် တောင်စွယ်၊ တောင်ကုန်း၊ လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့‌မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်‌ဆောက်ခဲ့ရပါတယ်..ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ Ryan Sanders နဲ့ သူ့အဖွဲ့ဟာတောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ဖြစ်ကြပါတယ်…တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိPete Mitchell ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာဗျူဟာဖော်ဆောင်နေခဲ့ပါတယ်..လမ်းမကို စောင့်ကြပ်နေရင်း တနေ့မှာတော့ Ryan Sanders တို့အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ်အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာ တာလီဘန်တွေကို ခံပစ်ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာတစ်နေရာအရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအိုတစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှလွတ်အောင်ဝှက်ပေးခဲ့ပါတယ်…ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ Pete Mitchell တစ်ယောက်သိရှိသွားရာမှာတော့…ဒီရုပ်ရှင်ကားလေးဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာဗျူဟာတွေအကြောင်းနဲ့ စစ်ပွဲရဲ့ ပကတိဂုဏ်ယူစရာမရှိပုံတွေမြေစာပင်ဖြစ်ရတဲ့အရပ်သားတွေရဲ့ အကျပ်အတည်းနဲ့ဆင်းရဲဒုက္ခတွေကို အရင်းအတိုင်းတင်ပြထားလို့ စစ်ဆန့်ကျင့်ရေးရုပ်ရှင်ကားတကားအနေနဲ့လည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး‌ဖြစ်တာ‌ကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင်ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…..

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments