Heaven and Earth Are Righteous: နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာ
သစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက
၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်က
အခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့
ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။
ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။
အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကို
ဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။
ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့
အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကို
ရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေ
ဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ……
သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ……
စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကို
ရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
Server HY
Subscribe
0 Comments
Oldest