Prev EP
Next EP
Light Off
Report
103 view
Server HY

Gumiho: Tale of the Fox’s Child – ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့
supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့
ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ်
ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့
ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ
ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ
အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam
မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae,
မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဉ်း
_______________

ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့်
လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ သူမရဲ့ သမီးလေး ယွန်းဟီး(Kim Yoo Jung)
ခင်ပွန်းဖြစ်သူ သေဆုံးသွားတာကြောင့် နေထိုင်စရာ အခက်အခဲရှိနေတဲ့ သားအမိနှစ်ယောက်ကို
ကြင်နာတတ်တဲ့အရာရှိမင်းဟောင်း ယွန်းဒိုဆူ (Jang Hyun Sung) က နေထိုင်စရာနေရာပေးပြီး ကူညီခဲ့ပါတယ်
လူကြီးမင်းယွန်းကတော့ သူ့သမီးလေး ယွန်းချိုအို့(Seo Shin Ae)ရဲ့ ထူးဆန်းတဲ့ရောဂါအတွက် ကုသနည်းကိုလိုက်ရှာနေခဲ့တာပါ
ချိုအို့ရဲ့ရောဂါပျောက်ကင်းနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းက သမီးလေးလိုချစ်ရတဲ့ ယွန်းဟီးကို စတေးလိုက်မှရမဲ့ကိစ္စဖြစ်လာတဲ့အခါ….
လူသားတွေရဲ့ လောဘ အတ္တတွေနဲ့ ဂူမီဟိုတစ်ယောက်ရဲ့ ရန်ငြိုးကြီးမားစိတ်တို့မှာ
ဘယ်အရာက အနိုင်ရသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး

ဇာတ်လမ်းတွဲအညွှန်းကိုတော့ Theint Naychi Wai မှ ရေးသားပေးထားပါတယ်

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments