MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
86 view
Server HY

Ghostbusters: Answer the Call – 2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် အယ်ရင် နဲ့ အက်ဘီ။ အယ်ရင်ဟာ စာအုပ်ကို ဖျက်စီးခဲ့ပြီး တက္ကသိုလ်တစ်ခုမှာ သိပ္ပံပညာရှင်ဘဝကို ခံယူသွားခဲ့တယ်။ ဒါပေမယ့် အဲဒီစာအုပ် အွန်လိုင်းမှာ ပျံ့နှံ့လာပြီး သူ့တက်လမ်းကို ထိခိုက်တော့မယ့် အချိန်မှာ စာအုပ်ကို ရောင်းချနေတဲ့ သူ့သူငယ်ချင်းဟောင်းကြီးကို ပြန်လာတားပါတော့တယ်။ တားရင်းနဲ့ပဲ သူတို့ရဲ့ စိတ်ကူးထဲကအရာတွေ တကယ် အပြင်မှာ ကြုံတွေ့လာရပြီး တခြား အဖွဲ့ဝင် ၂ ယောက်နဲ့ အတူ Ghostbusters အဖွဲ့ကို ဖွဲ့လိုက်ပြီး ကြောင်တောင်တောင် ဧည့်ကြို ကယ်ဗင်ကိုခန့်ထားရင်း တစ္ဆေပြဿနာတွေနောက်ကို လိုက်ပါတော့တယ်။ ဒါပေမယ့် သူတို့တွေ သာမာန်ခြောက်လှန့်မှုမဟုတ်ပဲ လူသားအားလုံးကို ထိခိုက်စေမယ့် ပြဿနာ အကြီးကြီးရဲ့ အစကို ဖော်မိလိုက်ချိန်မှာတော့…….။Extended Cut Version နဲ့တင်ဆက်ထားတာမလို့ ရုံတင်တုန်းက မပါခဲ့တဲ့ Scene တွေအများကြီးကို တခွီခွီကြည့်ရှုရမှာပါ။

Paranormal researcher Abby Yates and physicist Erin Gilbert are trying to prove that ghosts exist in modern society. When strange apparitions appear in Manhattan, Gilbert and Yates turn to engineer Jillian Holtzmann for help. Also joining the team is Patty Tolan, a lifelong New Yorker who knows the city inside and out. Armed with proton packs and plenty of attitude, the four women prepare for an epic battle as more than 1,000 mischievous ghouls descend on Times Square.

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments