Full Moon: CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ 2017 ကထွက်ရှိခဲ့တဲ့..
တူရကီ ဇာတ်လမ်းတွဲလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် …..
အချစ်ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိဖြစ်မဲ့…
romantic series ဖြစ်တဲ့အပြင် ဟာသလေးတွေနဲ့ပါရောထားလို့ …
စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy Romance အမျိုးအစားလေးပါ။
ဇာတ်လမ်းအကျဉ်း
————–
ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဖယ်ရစ် အာစလန်က….
အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားပြီး စည်းကမ်းအလွန် တင်းကျပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့်
အိမ်ကထမင်းချက်တွေ သန့်ရှင်းရေးသမားတွေ ခန့်တဲ့အခါမှာ….
ခဏခဏအဆင်မပြေဖြစ်ပြီး ဝန်ထမ်းရှာဖွေဖို့ရာ အခက်တွေ့နေတယ်။
နက်ဇလီကတော့ ဟင်းချက်ရတာကို ဝါသနာအလွန်ပါလို့ စားဖိုမှူးသင်တန်းတက်ပြီး
စားသောက်ဆိုင်ဖွင့်ဖို့ရာ ကြိုးစားနေတဲ့ သာမန်မိန်းမငယ်လေးတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူ အာဆူမန်ကိုလည်း တာဝန်ယူနေရပြီး ကျောင်းလခနဲ့
အိမ်ငှားခပေးဖို့ရာအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေရရှာတယ်….
အချိန်ပိုင်းအလုပ်တွေ မျိုးစုံလိုက်လုပ်နေတဲ့ နက်ဇလီဟာ တစ်ရက်မှာတော့
ဖယ်ရစ် အာစလန်ရဲ့အိမ်မှာ ထမင်းချက်အနေနဲ့ အလုပ်လုပ်ဖြစ်သွားခဲ့တယ်။
ချေးအရမ်းများတဲ့ ဖယ်ရစ်ကလည်း နက်ဇလီရဲ့ ဟင်းချက်လက်ရာတွေကို သဘောကျသွားခဲ့တယ်…
ဒါပေမဲ့ အကျင့်စရိုက်လုံးဝမတူတဲ့ သူတို့နှစ်ယောက်က အလုပ်မှာတော့ ခဏခဏစကားများနေကြရတယ်..
အဲဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်က ရန်ဖြစ်စကားများရာကနေ ဘယ်လိုချစ်ကြိုက်သွားကြမလဲ
ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာကို Full Moon series လေးမှာစိတ်ဝင်တစားကြည့်လိုက်ပါဦးနော်
ဇာတ်လမ်းအကျဉ်းကို Vanessa မှရေးသားထားပါတယ်
Ferit is a very successful, charming and inscrutable businessman, with a shadow in his past and a present that consists only of work and extreme organization in both his private and professional life. Nazli is a girl from a humble family who shares her home with her younger sister and best friend, studies and works to realize her dream of becoming a chef and to cover their living expenses. Ferit and Nazli cannot be more different. Their lives are two paths that should never have met and instead intertwine thanks to fate. Everything changes when Ferit’s sister and brother-in-law die in a car accident and leave their son an orphan. Ferit and Nazli will be forced to face hostility, overcome obstacles, dispel doubts and clear up misunderstandings if they want to find a future together and form a family for themselves and Ferit’s orphaned nephew.
ဆက်ပါအုံး