A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
69 view
Server Option:Server HY
Server HY

Eric: ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။
တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ထုံးစံအတိုင်း အတ္တနဲ့ လွမ်းမိုးခဲ့တဲ့အတွက် အက်ဂါတစ်ယောက် နောက်တစ်နေ့မှာ ကျောင်းသွားရင်း ကျောင်းကို မရောက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဗင်းဆင့်ခဗျာ အရူးမီးဝိုင်းဖြစ်ပြီး သားဖြစ်သူ အက်ဂါကို အသည်းအသန်လိုက်ရှာကာ သားဖြစ်သူဆွဲခဲ့တဲ့ သတ္တဝါကြီး အဲရစ်ကိုပါ မျက်စိထဲ ထင်ယောင်ထင်မှား မြင်လာပါတော့တယ်။

ဒီတော့ ဗင်းဆင့်အနေနဲ့ သားလေးဖြစ်သူ အက်ဂါကို ပြန်ရှာတွေ့ပါမလား၊ သူ့ရဲ့ အတ္တကိုရော ပြန်လည်သုံးသပ်နိုင်ပြီး ပြုပြင်နိုင်ပါမလားဆိုတာကို အတုယူဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Matteo ပါ )

When Edgar, a young boy goes missing in 1980s Manhattan, his grief-stricken father Vincent, a puppeteer on America’s leading kids’ TV show, finds solace through his friendship with Eric, the monster that lives under Edgar’s bed. In his quest to find the truth to Edgar’s disappearance, Vincent is forced into the dark shadows of a city rife with corruption to discover that the real monsters live much closer to home. Set against the backdrop of the 1980s AIDS epidemic, Detective Ledroit, tasked to uncover internal corruption in the NYPD, finds himself drawn into the search for Edgar, while privately coming to terms with secrets of his own.

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments