A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
The Signal Trailer
Watch
Movie plot

The Signal: ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်စက်စက် Thriller/Mystery/ Sci-fi ဂျာမန် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Season 1 မှာ အပိုင်း ၄ ပိုင်း ထွက်ရှိထားတာဖြစ်ပါတယ်။

စဗန်က သမီးလေး ချာလီနဲ့အတူ မိန်းမဖြစ်သူ အာကာသယာဉ်မှူး ပေါလာရဲ့ အာကာသခရီး အိမ်အပြန်ကို စောင့်မျှော်နေသူပါ။
ရိုးသားတဲ့စဗန်နဲ့ အမေနဲ့တူပြီး ဉာဏ်ရည်ထက်မြက်တဲ့သမီးငယ်လေး ချာလီက ပေါလာရဲ့ အာကာသခရီးစဉ် လွှတ်တင်ခြင်းတွေနဲ့ ဆင်းသက်ခြင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အစဉ်မပြတ်စောင့်ကြည့်ပြီး ပေါလာအိမ်ပြန်လာမဲ့ရက်ကို လက်ချိုးရေတွက်ပြီး
စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စောင့်မျှော်နေကြတာပါ။

ပေါလာရဲ့ အာကာသယာဉ်က ကမ္ဘာမြေပေါ် ဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်တဲ့နေရာကနေ သူ့တို့သားအဖရှိရာဆီ ပြန်လာမဲ့နေ့မှာ
သားအဖနှစ်ယောက် လေဆိပ်မှာ သွားစောင့်နေကြရင်း သူတို့ရဲ့ကမ္ဘာလေးကို ချာချာလည်သွားစေမဲ့ မယုံနိုင်စရာ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ ပေါလာ စီးလာတဲ့ လေယာဉ်က အဆက်အသွယ်မရဘဲ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မတွေ့ဘူးဆိုတာပါပဲ။

စဗန်လည်း ပေါလာရဲ့သတင်းကို စောင့်စားရင်းနဲ့ ပေါလာ အာကာသယာဉ်ပေါ်မှာရှိနေတုန်း သူ့ကို ပြောခဲ့တဲ့အကြောင်းရာတွေကို တွေးတောကြည့်တော့မှ ပုံမှန်မဟုတ်တဲ့ အပြောအဆိုတွေနဲ့ ခါတိုင်းနဲ့မတူတဲ့ ပြုမူပုံတွေကို သတိရမိသွားတာကြောင့် သမီးဖြစ်သူနဲ့အတူ အကြောင်းရင်းကို လိုက်လံစုံစမ်းကြည့်ရာကနေ ထူးခြားဆန်းကြယ်မှုတွေ တစ်စတစ်စ ပေါ်ထွက်လာရာမှာတော့..
ပေါလာတို့ လေယာဉ်က ဘယ်လိုကြောင့် ပျက်ကျသွားတာလဲ.. ပေါလာကရော အသက်ရှင်လျက် ရှိနေသေးရဲ့လား.. ပါးနပ်ပြီး ဉာဏ်ကောင်းလွန်းတဲ့ ပေါလာရဲ့ သတင်းစကားတွေရဲ့ အဓိပ္ပါယ်ကို စဗန်က ရှာဖွေတွေ့ရှိနိုင်ပါ့မလား.. ပေါလာ သူ့ကို ပြောခဲ့တဲ့အကြောင်းအရာတွေကရော လေယာဉ်ပျက်ကျတာနဲ့ ဆက်စပ်နေတာလား.. တခြား ဘယ်လို ဆန်းကြယ်တဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။

(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)

Show more...