A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
111 view
Server Option:Server HY
Server HY

Dune: Part Two – အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်…
သာမန် Sci- fic တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ် တွဲ တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်း ပေ့ဆိုတဲ့ Cast တွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင် မြောက်လွန်းတဲ့ VFXနဲ့ CGI တွေရဲ့ ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ် တွေ အ မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ် ပေါင်း၂၀၀၀၀ ကျော်မှာ အ ခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ် နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက် အောက်မှာ တော့ Houses တွေက နယ် မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအ ကြောင်းရင်းက တော့ House Harkonnen တွေ နှစ် ပေါင်း၈၀ကြာ အောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides တွေကို ပြောင်းလဲအုပ်ချုပ် စေခြင်းကစပါတယ်။ဒါ ပေမဲ့ Harkonnen တွေဟာ Arrakis ဂြိုလ် ပေါ်ကရတဲ့Spiceဆိုတဲ့အရာ ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာအသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ စေခြင်းစတဲ့စွမ်းအား တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူး ဖော်နိုင်မှာပါ၊ တူး ဖော်ခွင့်ရှိတဲ့ Houseဟာလည်းEmperorထက် တောင် ပိုပြီးချမ်းသာသွားမှာပါ။ဒါ ကြောင့်မလို့ နိုင်ငံ ရေးအရ ရော၊ စီးပွား ရေးအရပါ အချက်အချာဖြစ် နေတဲ့ Duneဂြိုလ်ကို လွှဲ ပြောင်းယူလိုက်ရတဲ့ House Atreidesအ နေနဲ့ House Harkonnenရဲ့ ဒုက္ခ ပေးလာမှု ရော၊Emperorနဲ့ တခြားHouse တွေရဲ့ ရန်စလာမှုကိုပါဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊House Atreidesရဲ့ သား တော်… အိမ် တော်ရဲ့အနာဂတ်The Oneအဖြစ် တင်စားခံရတဲ့ Paulက ရော Atreides တွေကိုဘယ် လောက်ထိ ခေါင်း ဆောင် ပေးသွားမလဲ…… Dune: Part Two (2024)
**********************ဇာတ်လမ်းအကျဉ်းDune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီးအိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရအေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီးပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်းအစပျိုးသွားပါပြီ။ကြည့်လိုက်ကြပါဦး…..

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments