အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev EP
Next EP
Light Off
Report
104 view
Server HY

Black Death: ၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူ
အစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ…။အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲက
ဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beastမင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမမယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးCarice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ…။ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံကပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့တစ်သားတည်းဖြစ်လွန်းလှပါတယ်…။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်…။အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေသေကြေပျက်ဆီးကြရပါတယ်…။လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်ကပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့…။သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့…။ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသားလူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်းဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်….။အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည်သက်ဝင်သူရှိရင်…၊စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်…။အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲစုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးကသူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်…။ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး….Action, Drama, History, Horror, Mystery စတဲ့ရသအစုံပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်….

Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments