A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Prev
Next
Autoplay next episode: On
Light Off
Report
92 view
Server Option:Server HY
Server HY

Bandidos:

ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကို
ကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက်

စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေ

ဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေ

ပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလား

ဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းက

အဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်

ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်း

ကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။

ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲ

ဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။

ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့

သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီ

အာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊

အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာကတစ်ဖက်ကြောင့်

အစွမ်းပြချင်နေတော့တာပေါ့။

ဒီလိုနဲ့ တစ်နေ့ ဟိုတယ်မှာအလုပ်လုပ်ရင်း ဂျူအန်မိုရာလိစ်ဆိုတဲ့

နာမည်နဲ့လာရှာတဲ့ ဖာနန်ဒက်ဇ်ဆိုသူဆီကနေ ခန်းနိုင်ငံနောက်ဆုံးဘုရင်ရဲ့

ရွှေရတနာသိုက်အကြောင်း လမ်းစရသွားလေတော့ နဂိုထဲကဇလေးနဲ့

မီဂဲလ်တစ်ယောက် အကြွေးနွံကနေအလွတ်ရုန်းဖို့ ရတနာသိုက်ရှာမယ်

တကဲကဲဖြစ်ပြီး လူစုပါတော့တယ်။

ဒါပေမဲ့ ရတနာသိုက်အကြောင်းကို သူတို့လိုပဲလမ်းစရပြီး သူတို့ထက်

ဦးသွားတဲ့သူတွေလည်းရှိနေတဲ့ မီဂဲလ်၊ ဦးလေးဝီဆင်၊ တစ်ချိန်က

လုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း တိတ်တခိုးချစ်ရတဲ့လီလီနဲ့ လူးကပ်စ်တို့

၄ ယောက် ရတနာသိုက်ကို လက်ဦးမှုရယူဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ

ကြည့်ရှုခံစားလိုက်ရအောင်ပါ….

Other parts :
None !
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments