A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Turtles All the Way Down: John Green ရဲ့ Turtle all the way down ဝတ္ထုကို
ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက်နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoesဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့
ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားကပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှုခံစားရမှာပါ ။အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်ကအနိုင်ရမလဲ ။ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့Turtles all the way down ရုပ်ရှင်ရဲ့ Endingလှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။

Aza Holmes. It’s not easy being Aza, but she’s trying… trying to be a good daughter, a good friend, and a good student, all while navigating an endless barrage of invasive, obsessive thoughts that she cannot control. When she reconnects with Davis, her childhood crush, Aza is confronted with fundamental questions about her potential for love, happiness, friendship, and hope in the face of her mental illness.

Show more...