A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Shuigui Bride
Watch

Shuigui Bride

80 min

Country: China

Director: Wang Qing

Actors: Li PingPeize LiWen Sheng尹思淇庞统陆羽晴

Genres: Drama, Horror, Mystery, Thriller

0/ 5 0 votes
Movie plot

Shuigui Bride: Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့
ပရိသတ်ကြီးအတွက် The water trick Bride လို့
ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ
သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ
တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့
ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။
၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့
မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊
စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့
အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ
ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို
လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း
စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က
သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း
အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ
မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲ‌တွေကို
မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့..
တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။
ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက
သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။
ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ?
လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ?
သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့်
ဒီလိုတွေသတ်‌နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို
စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။

Show more...