A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
The Vanishing Soldier Trailer
Watch

The Vanishing Soldier

105 min

Country: Israel

Director: Dani Rosenberg

Actors: Efrat Ben TzurIdo TakoMika ReissMushy ViderSeif NabulShmulik CohenTikva DayanYariv Horowitz

Genres: Drama, Thriller, War

5/ 5 1 votes
Movie plot

The Vanishing Soldier: စစ်တပ်တွေမှာ ဘယ်ရာထူးမဆို ကြီးလေးတဲ့ ပြစ်မှုတစ်ခု
ရှိပါတယ်။အဲ့ဒီ ပြစ်မှုကတော့ တပ်ပြေးတဲ့ပြစ်မှုပါပဲ။အဲ့ဒီပြစ်မှုအတွက် အခြေအနေအလိုက် ထောင်ကျခံရတာကနေ သေဒဏ်ပေးခံရတဲ့အထိပြစ်ဒဏ်ချမှတ်လို့ရပါတယ်။
အခုတင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာ တပ်ပြေးလာတဲ့၁၈ နှစ်သားစစ်သားတစ်ယောက်အကြောင်းနဲ့ အဲ့လိုတပ်ပြေးတဲ့အတွက် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The VanishingSoldier (ပျောက်ဆုံးနေသောစစ်သား) ဖြစ်ပြီး IMDb Rating6.5 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာ ရှလိုမီလို့ခေါ်တဲ့စစ်သားတစ်ယောက် တပ်ကနေထွက်ပြေးလာတာကို တွေ့ရမှာဖြစ်ပြီး သူတပ်ပြေးလာရတဲ့အကြောင်းအရင်းကတော့ တခြားမဟုတ်ဘဲ သူ့ကောင်မလေးနဲ့တွေ့ချင်လို့ သက်သက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့တပ်ကတော့အဲ့ဒါကိုမသိဘဲ အဲ့ဒီနေ့မတိုင်ခင်မနေ့ကဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့ပဲ သိထားတာဖြစ်ပါတယ်။ရှလိုမီကတော့ အဲ့ဒါကိုမသိဘဲ သူ့ကောင်မလေးနဲ့သွားတွေ့မိဘတွေနဲ့သွားတွေ့ပြီး ပျော်ပါးနေခဲ့ပါတော့တယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ ရန်သူတွေသူ့ကိုဖမ်းသွားပြီလို့ထင်နေတဲ့သူ့တပ်ကတော့ ရန်သူတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီးသူ့ကိုပြန်ပေးဖို့တောင်းဆိုနေကြောင်းကို တီဗီကနေသိလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာသူထွက်ပြေးလို့ဖြစ်လာတဲ့အကျိုးဆက်တွေကအရမ်းကြီးမားလာတဲ့အတွက် ဆက်ပဲပြေးနေရမလိုလို တပ်ထဲပဲပြန်သွားရမလိုလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေတွေဖြစ်ပြီး နောက်ပိုင်းမှာဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ဖို့တင်ဆက်ပေးလိုက်ပါတယ်။

Shlomi, an 18-year-old soldier, flees from the battlefield in Gaza and embarks on a journey back to his home. His desertion plan gets complicated when he discovers that army commanders are convinced that he was kidnapped by in the heat of the battle. With his photo about to be published in all the national media as a prisoner of war, Shlomi wakes up to the realization that he is not running away from the soldiers he thought were chasing him, but from his own identity which has become a trap. It’s a tragicomic journey that takes place over the course of a day in the streets of Tel Aviv, between hope and horror, between romance and nightmares. Written by Israeli Film Academy

Show more...