Movie plot

The Hunger Games : နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။
ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သေသည်အထိ တိုက်ခိုက်ရပြီး နောက်ဆုံး တစ်ယောက်ပဲကျန်ရပါမယ်။
အဲ့ဒီနောက်ဆုံး ကျန်တဲ့တစ်ယောက်က Hunger Game မှာအနိုင်ရရှိတဲ့လူပဲဖြစ်ပါတယ်။ အဲ့ဒီလိုတစ်ယောက်နဲ့ တစ်ယောက်သတ်နေတာကို အပြင်က လူချမ်းသာတွေနဲ့ အစိုးရအဖွဲ့ဝင်တွေက အားရပါးရ ကြည့်ရှုအားပေးနေကြတာပါ။ ဘာဖြစ်လို့ အဲ့ဒီလို နှစ်စဉ်သတ်ခိုင်းနေတာလဲဆိုရင် အရင်တုန်းက တိုင်းပြည်မှာဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကိုပုန်ကန်တယ်။အဲ့ဒီအချိန်မှာ Capitol ပဲကျန်ခဲ့တယ်။ အဲ့ဒါကို Capitol ကအစိုးရက သူတို့ကိုနောက်ထပ် ပုန်ကန်မှုတွေမပြုလုပ်အောင် ၊ သူတို့ပုန်ကန်မှုတွေပြုလုပ်တုန်းက ဘယ်လိုနှိမ်နင်းခဲ့တယ်ဆိုတာတွေပြန်မှတ်မိအောင် ၊ အပြစ်ပေးတဲ့အနေနဲ့ နောက်ထပ် ပုန်ကန်မှုတွေမလုပ်အောင် တစ်နှစ်တစ်ကြိမ် Capitol မှာ Hunger Game ကိုကျင်းပပေးရတာပဲဖြစ်ပါတယ်။Hunger Game အတွက် လူရွေးတဲ့အခါမှာ Katniss Everdeen (Lawrence) ရဲ့ ညီမလေးက အရွေးခံလိုက်ရတယ်။ ဒါပေမဲ့ သူမက ငယ်သေးလို့ သူမအစား Katniss Everdeen က Volunteer လုပ်မယ်ဆိုပြီး အရွေးချယ်ခံလိုက်ပါတယ်။ နောက်ထပ် ယောက်ကျားလေးတစ်ယောက်ကတော့ Peeta လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို ရွေးချယ်သွားပါတယ်။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ဖို့အတွက် Capitol ကိုရောက်လာတယ်။ သူတို့ နှစ်ယောက်က District 12 ကနေဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
သူတို့ရဲ့ အဖွဲ့တိုင်းမှာလဲ သူတို့ရဲ့ နည်းပြကိုယ်စီရှိပါတယ်။ Capitol ကလူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကတော့ အရောင်စုံတွေနဲ့ ခပ်ကြောင်ကြောင် အဝတ်အစားတွေနဲ့ပါ။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ကြပါတယ်။ ယှဉ်ပြိုင်တဲ့အခါမှာ အခြားပြိုင်ဘက်ကတွေက အချင်းချင်း Allies ဖွဲ့ကြပါတယ်။ Katniss ကတော့ ဒါတွေမသိတဲ့အတွက်ကြောင့် တစ်ယောက်ထဲပဲပြိုင်ပြီး သူတို့တွေနဲ့ ဝေးသမျှဝေးအောင် ပြေးပါတယ်။
Katniss ရဲ့ အားသာချက်က မြှားပစ်ကျွမ်းကျင်တာပါ။ဒီလိုနဲ့ Hunger Game ကိုခက်ခက်ခဲခဲယှဉ်ပြိုင်ကြပါတယ်။ Hunger Game က စည်းကမ်းကိုက နောက်ဆုံးတစ်ယောက်ပဲကျန်ရမှာပါ။ ဒါကို Katniss အနေနဲ့ Peeta ပေါင်းပြီး အချစ်ဇာတ်လမ်းအတုတွေဖန်တီးပြီး နှစ်ယောက်လုံးအသက်ရှင်ကျန်ရစ်အောင် လုပ်ပါတယ်။ Hunger Game ကို ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကို
အထင်ကြီးအောင်လုပ်နိုင်လေ …. အနိုင်ရဖို့အခွင့်လမ်းများလေပါပဲ။ ဒါကိုသိအောင် Katniss တို့ နည်းပြကပြောပြထားတဲ့အတွက်ကြောင့်
လူအများအထင်ကြီးအောင် သိပ်ချစ်ကြတဲ့ စုံတွဲအဖြစ်ဟန်ဆောင်ပြီး District 12 အတွက် ၂ ယောက်လုံးအနိုင်ရပြီး အသက်ရှင်ကျန်ရစ်ပြီး အနိုင်ရသွားတာပါ။Review : The Hunger Games (2012) ကိုကြည့်ရတာ Divergent တို့ .. The Maze Runner တို့နဲ့ ခပ်ဆင်ဆင်တွေပါပဲ။ ဒီဇာတ်ကားထဲမှာ ကြည့်ရတာသိပ်အဆင်မပြေတာကတော့ Capitol ကလူတွေဝတ်တဲ့ အဝတ်အစားတွေနဲ့ ဆံပင်အရောင်တွေ ၊ ဆံပင်ပုံစံတွေပါ။ ခပ်ကြောင်ကြောင် အရောင်တွေနဲ့ . အရောင်စုံတွေသုံးထားတာကတော့ တော်တော်လေးကြည့်ရဆိုးပါတယ်။ ဇာတ်ကားက စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ကားတစ်ကားပါ။ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ကားမို့လို့လဲ အဲ့ဒီလိုအရောင်တွေသုံးထားတာဖြစ်မယ်ထင်တယ်။
ဒါပေမဲ့ ဇာတ်ကားက ကြည့်လို့တော့ကောင်းပါတယ်။သူ့ဇာတ်လမ်းနဲ့ သူ့ဇာတ်အိမ်နဲ့ ရိုက်ပြသွားတာလဲကောင်းပါတယ်။ Hunger Game ဇာတ်ကားက Divergent တို့ .. The Maze Runner တို့ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ Hunger Game ရဲ့ Budget ကတော့ $78 Million အသုံးပြုခဲ့ပြီး Box Office ဝင်ငွေကတော့ $694.4 Million ပြန်ဝင်တဲ့အတွက် တော်တော်အောင်မြင်တဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။

In a dystopian future, the totalitarian nation of Panem is divided into 12 districts and the Capitol. Each year two young representatives from each district are selected by lottery to participate in The Hunger Games. Part entertainment, part brutal retribution for a past rebellion, the televised games are broadcast throughout Panem. The 24 participants are forced to eliminate their competitors while the citizens of Panem are required to watch. When 16-year-old Katniss’ young sister, Prim, is selected as District 12’s female representative, Katniss volunteers to take her place. She and her male counterpart, Peeta, are pitted against bigger, stronger representatives, some of whom have trained for this their whole lives. Written by Suzanne Collins

Show more...