A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Paul, Apostle of Christ : ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies နဲ့Best Christian Movie ဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ဒေါ်လာ ၅ သန်းအကုန်အကျခံရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေဒေါ်လာ ၂၅.၅သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

Show more...