A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က အတိတ်ဇာတ်လမ်းဟောင်းတွေထဲကရုန်းမထွက်နိုင်ဘဲ စိတ်ဝေဒနာရှင် အရက်ဂျိုးကြီးဖြစ်နေတဲ့Harold နဲ့ အသိဉာဏ်နုနယ်ပြီး မရင့်ကျက်တဲ့ ကျောင်းသားလူငယ်လေးနှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ဒီအဖိုးကြီးက ညညဆိုရင် မြေအောက်ခန်းထဲကိုဝင်သွားတာပြီးတော့ ဒီမြေအောက်ခန်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကျောင်းသားနှစ်ယောက်ဟာမြေအောက်ခန်းထဲမှာ သူတို့သိပ်စိတ်ဝင်စားတဲ့အရာတခုကိုရှာတွေ့နိုင်ပါ့မလား။ Harold ကရော လူတွေနဲ့ ခပ်ကင်းကင်းနေထိုင်တာ ဘာကြောင့်လဲ၊ သူက Ethan ရဲ့မိဘတွေနဲ့ဘယ်လိုရာဇဝင်ဟောင်းတွေရှိခဲ့တာလဲ ဆိုဝာာကိုဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာဖြစ်ပါတယ်

Show more...