A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Snowfall Trailer
Watch

Snowfall

Bing Xue Yao

45 min

Now showing: Ep 17/24

Latest episode: 171615

Country: China

Actors: Feng ShaoGuan WangGuanyu YaoJingmei TangMaggie HuangNa-Na OuYangShihao RenWeiguang GaoWinwinZiyi Meng

Genres: Drama, Fantasy, History, Romance, Thriller

5/ 5 1 votes
Movie plot

Snowfall: CM ရဲ့ တရုတ်ကားဖန်တိုရေ..
ဒီနေ့မှာတော့ သဘာဝလွန် သွေးစုပ်ဖုတ်ကောင်
ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…

ဇာတ်လိုက်မင်းသားကတော့ အားလုံးရဲ့ တုန့်ဟွားတိကျွင်း Gao Wei Guang ပါ…
အခုမှပဲ ဇာတ်လိုက်မင်းသားအနေနဲ့ ပိတ်ကားပြင်ပေါ် ပြန်ဆုံရမှာနော်…
မင်းသမီးလေးကတော့ Ouyang Nana ယုံအန်းအိပ်မက်ထဲက ရှန်ကျန့်လေးပေါ့…
ဦးနဲ့ကလေး ဇာတ်ကားလိုလည်း ဆိုရမှာပေါ့…
နောက်ပြီး အားလုံးကို ရူပါဒါနပြုချင်သူလေး
win win ကတော့ စီးထူဝေလျန်အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်
ဇာတ်လမ်းအကျဉ်းလေးကို ဆိုရရင်တော့…

တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှာ နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်ခဲ့တဲ့
နာမည်ကြီး သွေးစုပ်ဖုတ်ကောင် ရှန်ကျီးဟန်က
မျက်နှာဖုံးစွပ်တပ်သားတွေ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်…
ဒါပေမယ့် မီလန်လို ခေါ်တဲ့ မျက်မမြင် မိန်းကလေးက
သူ့ကိုကယ်တင်လို သေဘေးက လွတ်ခဲ့တယ်…
တကယ်လို မီလန်ဆိုတဲ့ မိန်းကလေးဘဝက သနားဖိုကောင်းပါတယ်…
ဖခင်ရဲ့ လျစ်လျူရှုမှုနဲ့ မိခင်ရဲ့ နှိပ်စက်မှုတွေ လူကိုသူလို
ဆက်ဆံမခံခဲ့ရတာတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို လုပ်နေခဲ့တာပါ…
ဒီအချိန်မှာ ရှန်ကျီးဟန်နဲ့ ဆုံပြီး သူ့ကိုကယ်သလို ဖြစ်ခဲ့သလို
ရှန်ကျီးဟန်ကြောင့်လည်း သူ့မှောင်မိုက်တဲ့ ဘဝလေးထဲ အလင်းရောင်ကို မြင်ခွင့်ရခဲ့တာပေါ့…

ရှန်ကျီးဟန်က မီလန်အသက်ကယ်ပေးတာကို ကျေးဇူးဆပ်မယ်လို စဉ်းစားခဲ့ပေမယ့်…
မီလန်ရဲ့ဘဝလေးကို မြင်တွေ့ပြီးတော့ အသနားပို ဂရုစိုက်မိလာတာပေါ့…

တစ်ဖက်မှာလည်း ရှန်ကျီးဟန်ကို လုပ်ကြံသတ်ဖြတ်ဖို ကြိုးစားတာ မအောင်မြင်လို
စစ်ဆင်ရေးဌာနချုပ် ဒါရိုက်တာလီယင်လျန်ဟာ တောက်လျှောက်
ရှန်ကျီးဟန်ရဲ့ လျိုဝှက်ချက်ကို ရှာပြီး သူ့ကို မရရအောင် သတ်မယ်လို ကတိပြုထားသူပေါ့…

မီလန်နဲ့ ရှန်ကျီးဟန်တိုကြား သံယောဇဉ်တွေ ဘယ်လိုမျိုး ဆတိုးပွားသွားမလဲ…
ရှန်ကျီးဟန်ရဲ့ ငယ်ဘဝမှာရော ဘယ်လို ဒဏ်ရာတွေရှိနေမှာလဲ…
လိယင်းလျန်ကရော လုပ်ကြံတာ အောင်မြင်သွားမှာလား…
သဘာဝလွန် ပတ်သက်မှုကြားက ဖြစ်လာတဲ့
အချစ်တစ်ခုက အရာအားလုံးကို ကျော်လွှားနိုင်ပါ့မလား…

Show more...