The Princess Royal: ဒီကားလေးဟာ မော့ရှူပိုင်ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုကို
အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ Youku S++ ဇာတ်လမ်းဖြစ်တာမို့
ပြင်ဆင်ချိန်မှာတင် နှစ်နှစ်ကြာခဲ့ပြီး The Empress Of China
ဒါရိုက်တာကြီး ကောင်းယိကျွင်းရိုက်ကူးတာဆိုတော့
အားလုံးမျှော်လင့်နေရတဲ့ကားပေါ့…ပျိုတိုင်းကြိုက်တဲ့
ကျန်းလင်ဟယ်နဲ့ ကျောက်ကျင်းမိုင်လို ကလေးသရုပ်ဆောင်
မင်းသမီးချောလေးဆိုမှတော့ ရူပါအရ လိုက်ဖက်နေပြီပဲ…
ဇာတ်လမ်းအကျဉ်းလေးကတော့ တရှပြည်ထောင်ရဲ့ မင်းသမီးကြီးလီရုံနဲ့
ဝန်ကြီးချုပ် ဖေဝိန်ရွှမ်းတိုဟာ တိုင်းပြည်အရေးရှေးရှုပြီး ထိမ်းမြားခဲ့ရပေမယ့်
နှစ်ဦးကြားမှာ အချစ်မရှိဘဲ ပေါင်းဖက်ခဲ့ရာကနေ အထင်လွဲမှုလေးတွေ စုပြီး
တစ်ဦးကိုတစ်ဦး သေစေခဲ့မိကြပါတယ်…”ငါသေရရင် ဖေဝိန်ရွှမ်းလည်း
အသက်မရှင်စေရဘူး”ဆိုတဲ့ အမျက်ကြီးသူ လီရုံ
“ရုံအာ အခွင့်အရေးသာရှိခဲ့ရင် မာနနဲ့သိက္ခာတရားကိုခဝါချပြီး
မင်းကိုပိုတန်ဖိုးထားပါ့မယ်” ဆိုတဲ့ အချစ်ကို အသိနှောင်းခဲ့သူ
ဖေဝိန်ရွှမ်းအချစ်ကံခေခဲ့ကြသူ နှစ်ဦးကို ကံတရားကြီးက
နောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်
ဒီလိုမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ သမက်တော်ရွေးရမယ့်အချိန်ကို ပြန်ရောက်သွားခဲ့တာပေါ့
ဖူးစာလူးလာရင် ဒူးကာမရဆိုတဲ့ စကားလေးအတိုင်းပဲ
အခုတစ်ခေါက်လည်း လီရုံဟာ အဆင့်ရှစ်အမတ်လေး
ဖေဝိန်ရွှမ်းကိုပဲ သမက်တော်အဖြစ် ရွေးခဲ့ရပြန်တယ်
ပြန်မွေးဖွားပြီးချိန်မှာတော့ အရင်က ဘာကြောင့်သေခဲ့ရတာလဲ
ဘယ်သူ့ကြောင့်လည်း အတူဖော်ထုတ်ကြရင်း သံယောဇဉ်ကြိုးတွေ
ရစ်ပတ်လာပါတယ်တစ်ချိန်က ရန်သူတော် နှစ်ပါး အချစ်တွေ
ဘယ်လိုတွေ တိုးပွါးလာမယ်…ဖေဝိန်ရွှမ်းတစ်ယောက် ဘယ်လို
သာမန်အဆင့်ရှစ်အမတ်ရာထူးကနေ အမတ်ချုပ်အဆင့်ကို တိုးသွားမယ်…
ဖင်ယွဲမင်းသမီးလေးလီရုံကရော အာဏာဘယ်လိုတည်ဆောက်သွားမယ်…
တိုင်းရေးပြည်ရေးကျားကွက်ပေါ်မှာ ဘယ်လိုမျိုး ပရိယာယ်ကြွယ်ကြွယ်
အတူကပြသွားမယ်ဆိုတာကို ဇာတ်ကားလေးထဲ
CM Team နဲ့အတူ ကြည့်ရင်း ဖော်ထုတ်လိုက်ကြရအောင်…
Arranged marriage between Li Rong and Pei Wen Xuan at 18. After a loveless union spanning 30 years, they die but reawaken at 18 with a chance to divorce upon remarrying.